စာပြေး

သပြေပင်ကျေးရွာ စုစည်းရာမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်

Tuesday, March 5, 2013

ငယ်ဘ၀နဲ့ ကျနော့်ပညာ


         လက်ပံအေးရွာသူဖြစ်သော ကျနော့် အမေနှင့် သပြေပင်ရွာသား ကျနော့အဖေ အကြောင်းဆက်င်္ပြီး  ပေါင်းဖက်ကြသောအခါ  ယောင်နောက်ဆံထုံးပါ  ဆိုသည့် ဆိုရိုးစကားနှင့် အညီ ကျနော့ အမေသည်လည်း လင့်မျက်နှာ တရွာအဖြစ်နှင့် ကျနော့အဖေ့ရွာသပြေပင်သို့ လိုက်ပါနေထိုင်လာကြရင်း ကျနော့်ကို သပြေပင် ရွာလေးမှာမွေးဖွါးခဲ့ပါသည်။ ဒီတော့ သပြေပင်ရွာဆိုတာ ကျနော့်မွေးမြေ ကျနော့် ဇာတိဖြစ်ခဲ့ရပါသည်။ ကျနော့်ကိုမွေးဖွါးပြီး တနှစ်ခန့်အကြာမှာတော့ ကျနော်တို့ မိသားစုသည် အမေ့ရွာဖြစ်သော လက်ပံအေးရွာသို့ ပြောင်းရွှေ့နေထိုင်လာခဲ့ကြပါသည်။ လက်ပံအေးရွာဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အနောက်တောင်ဖျားမှ ရွာကြီးတစ်ရွာဖြစ်ပါသည်။ ကျနော့် အဖေရွာဖြစ်သော သပြေပင်ရွာကတော့ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်မြောက်ဖျားမှ အိမ်ခြေ ၅၀ ခန့်သာရှိသောရွာငယ်လေး တစ်ရွာဖြစ်ပါတယ်..။လက်ပံအေးရွာနဲ့ သပြေပင်ရွာဟာ အခေါ်ဝေါ်အားဖြင့် ခြားနားနေပေမယ့် ခရီးအကွာအဝေးအနေနဲ့ကြည့်မယ်ဆိုပါက လက်ပံအေးရွာသည် သပြေပင်ရွာ မြောက်ဖက် ၅  ဖါလုံခန့်သာ ဝေးကွာပါလိမ့်မည်။  ကျနော့်အတွက် ပ၀တ္တိ  အရပ်ဖြစ်သောလက်ပံအေးရွာသည် ကျနော့်ဇာတိမြေဖြစ်သော သပြေပင်ရွာနှင့်မဝေးကွာသည်ကတစ်ကြောင်း ကျနော့်အမေနှင့် ဆွေမျိုးများရဲ့ ဇာတိမြေ ဖြစ်တာတို့ကြောင့်ကျနော့်အဖို့တော့ လက်ပံအေးရွာဟာလည်း ကိုယ့်ဇာတိမြေလိုပင်အောင်းမေ့မိပါသည်။ ကျနော်တို့လက်ပံအေးရွာတွင် နှစ်စဉ်ဝါခေါင်လမှာ ဘုရားပွဲတော် ကျင်းပလေ့ရှိပါသည်။ ထိုသို့ ဘုရားပွဲ ရှင်ပြုအလှူပွဲများပြုလုပ်ကြသည့်အခါ ဘုန်းကြီးကျောင်းသုံးကျောင်းသို့ လှည့်လည်ပြီး ရေစက်ချ အလှူပေးကြပါသည်။ စာပေပညာသင်ကြားရာမှာတော့ ဇီးပဏီအတန်းကျောင်းမှာ တက်သူများရှိသလို  ကုန်းကြီးရွာကျောင်းမှာ ပညာဆည်းပူးကြသူများလည်းရှိပါသည်။ ထိုစဉ်အခါက ကျနော်တို့လက်ပံအေးရွာမှာ ဘုန်းတော်ကြီးကျောင်းမရှိသေးသလို စာသင်ကျောင်းလည်း မဆောက်လုပ်ရသေးပါ ယခု အချိန်မှာတော့ ရွာမှာ မူလတန်းကျောင်းရှိသလို ရွာရဲ့ အရှေ့မြောက်ဘက် ရွာဆိုးကျောင်းနဲ့ ရွာရဲ့ကြားမှာ ဘုန်းတော်ကြီးကျောင်းလည်းတည်ဆောက်လို့ပြီးလုနီးပါးရှိနေပါပြီ။ ဒီနေရာမှာ ကျနော့်အနေနဲ့ ရွာလူကြီးမိဘများအားအကြံတစ်ခုပြုလိုပါသည်။ ဘုန်းတော်ကြီးကျောင်းနှင့် အတန်းကျောင်းယှဉ်တွဲရှိလျှင် စာသင်မယ့်ကလေးသူငယ်များအတွက် ပိုပြီးအကျိုးရှိမည်ဟု ထင်မြင်မိပါသည်။ ဘာကြောင့်ဆိုသော် ကျောင်းသားကျောင်းသူများ အတန်းလာတက်လျှင် အတန်းမတက်ခင် သို့မဟုက် စာသင်နားချိန်များတွင် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများရဲ့ အဆုံးမ သြ၀ါများကို ခံယူနိုင်သည်။ ဦးဇင်း ကိုရင်နှင့် နီးကပ်စွာရှိနေရသည့်အတွက် ဘာသာရေး အခြေခံများရနိုင်သည့်အပြင် ဘာသာရေးစာပေများကိုလည်း လွယ်လင့်တကူ သသင်ယူနိုင်သည် ။ ထို့အပြင် ဘုန်းတော်ကြီးကျောင်းတွင်  ကျောင်းအိပ်ကျောင်းစား ကျောင်းသားများနှင့် သာမဏေ ကိုရင်များမှာလည်း အတန်းစာအတွက်သင်ယူရာမှာ အခက်ခဲမရှိနိုင်တော့ပါဘူး။ မြို့ပြမှ ယခုခေတ် လူငယ်တော်တော်များများသည် ခေတ်ပညာဖက်မှာ ခေတ်နှင့်အညီ ရင်ဘောင်တန်းနေပါသော်လည်း ဘာသာရေးဖက်မှာ အင်မတန်အမြင်ကျင်းနေကြတာ တွေ့နေရပါသည်။ တစ်ချို့ ဆိုရင် ရဟန်းသံဃာ တော်များနှင့်ပင် စကားပြောလျှင်သော်မှ ကမောက်ကမ နိုင်လွန်လှသည်များကို တွေ့မြင်နေရပါသည်။ ထိုသည်မှာ ဘာသာရေး အတွက် ၀မ်းနည်းစရာပင် ။ ထို့ကြောင့်ကျနော်တို့တောသားများမှာလည်း လောကီ အတန်းပညာကို အရေးထားသင်သလို လောကုတ္တရာ ဘာသာရေးစာပေကိုလည်း မူလတန်းအရွယ်မှာ အခြေခံအဆင့်လောက်တော့ သိထားတက်ထားသင့်တယ်လို့ ထင်မြင်မိပါသည်း။ ဒါမှသာ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်ယဉ်ကျေးမှုမျာကို လေးစားတနဖိုးထားပြီး မပျောက်ပျက်အောင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ကြပါလိမ့်မည်။ ကျနော်ငယ်စဉ်က ကျနော်တို့ လက်ပံအေးရွရြဲ့အနောက်ဖက်မိုင်တ၀က်ခန့်ဝေးသော ကုန်းကြီးရွာကျောင်းတွင် ပညာသင်ခဲ့ရပါသည် ကျနော်တို့ ကျောင်းသူ ကျောင်းသားများ ကျောင်းကိုရောက်တာနဲ့ ဘုန်းကြီးကျောင်းထဲဝင်ကာ ဘုရားကိုရှိခိုးရပါသည်။ ဆရာတော်ကိုရှိခိုးရပါသည် ညနေအတန်းကျောင်းဆင်းလျှင်လည်း ဘုရားရှိခိုးကြရပါသည် ဆရာများအကြောင်းကိစ္စတစ်ခုခုကြောင့်မလာဖြစ်ခဲ့လျှင် ဘုန်းကြီးကျောင်းမှ ဦးဇင်းများ ကိုရင်ကြီးများမှ ဘုရားရှိခိုး အမျိုးမျိုးနဲ့ ဘုန်းကြီးစာများ သင်ကြားပေးကြပါသည် အတန်းကျောင်းတက်ရင် အားလပ်ချိန်မှာ ဘုန်းကြီးကျောင်းတွင် နေပြီး ဘရားမရ၀ုဏ်နဲ့ ကျောင်းဝင်းအတွင်သန့်ရှင်းရေးလုပ်ရခြင်း ကျောင်း ဝေယျာဝစ္စများလုပ်ကိုင်ရခြင်းရဲ့ အကျိုးတရားများမနည်းသလို ဆရာတော်ဘုရားရဲ့ သွင်သင်မှု ဆုံးမမှုများကိုခံယူရခြင်းရဲ့ အကျိုးရလဒ်ကလည်း များလှပါသည်။ ကျနော်တို့မူလတန်းကျောင်းသား ကျောင်းသူများ ထိုထို သော အကျိုးတရားများရရှိခြင်းမှာ မူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းယှဉ်တွဲကာရှိနေပြီး ဘုန်းတော်ကြီးနှု့်ဆရာ ဆရာမများရဲ့ တပည့်ကျောင်းသူ ကျောင်းသားများ အပေါ်ထားသည့် မေတ္တာကြောင့်သာဖြစ်ပေသည်။ ကျေးဇူးကြီးမားလေစွ။ ကျနော်မူလတန်း တက်စ အချိန်မှာ ကျနော်တို့ကို  သင်သော ဆရာများမှာ ဦးလှအောင် နှင့် ဆရာမ ဒေါ်တင်တင်မြင့်တို့ဖြစ်ကြပါသည် ဆရာကြီးနဲ့ ဆရာမကြီးသည် ကျနော်တို့လက်ပံအေး ရွာသူ ရွာသားများဖြစ်ကြပါသည် ကျနော် ပထမတန်းတက်တဲ့နှစ်မှာတော့ ဆရာကြီးကော ဆရာမ ပါ ပြောင်းသွားကြသည်။ ကျနော်တို့ကျောင်းကို အသစ်ရောက်လာသောဆရာမှာ ဇီးပဏီရွာမှ ဆရာဦးသန်းဆွေ ဖြစ်ပါသည်။ ဆရာဦးသန်းဆွေနှင့် တွဲဖက်သင်သော ဆရာကလေးများမှာ လုပ်အားပေးဆရားလေးများမို့ထင်သည် ကျနော်တို့ကျောင်းကို နှစ်ကြာသည် အထိ မသင်ကြားကြရရှာပေ ကျနော်မှက်မိသလောက် ကျနော်တို့ရဲ့ ကျေးဇးရှင်ဆရာလေးများရဲ့ အမည်ကို ရေးပြပါရစေ မှားကောင်းမှားနိုင်ပါလိမ့်မည်။သို့သော် ထိုဆရာလေးများရဲ့ ပုံရိပ်များကိုတော့ ကျနော့ရင်ထဲတွင် ယနေ့ထိမြင်ယောင်မိနေသေးပေသည်။ ဆရာဦးသန်းဆွေ လက်ထက်တွက် ဆရာကြီး ဦးသန်းဆွေနှင့် တွဲလို့ ပထမလာသင်ပေးသူဆရာလေးမှာ ကျားတက်ရွာမှ ဦးအောင်မြင့်ဆန်းဖြစ်ပါသည်။ နောက်တစ်ယောက်မှာ ဇီးချိုင်ရွာမှ ဦးကျော်မြင့်သန်းဟု ထင်ပါသည်။ နောက်တစ်ယောက်ကတော့ ရွှေလောင်းရွာသားဟုသာ သိပါသည် နာမည်မမှက်မိတော့ပါ နောက်တစ်ယောက်ကတော့ ကျနော်တို့ လက်ပံအေးရွာမှဖြစ်သည် သူ့နာမည်ကတော့ ဆရာဦးသန်းထွန်းပဲ ဖြစ်ပါတယ် အထက်ပါဆရာလေးများသည် ကျနော်တို့တွေကို ခဏတာလေးသင်ကြားပြသပေးကြရပေမယ့် ကျနော်တို့ တပည့်တွေ အပေါ်မှာထားသည့် ဆရာလေးများရဲ့ မေတ္တာ စေတနာ တရားများကတော့ကြီးမားပါပေလိမ့်မည်။ ကျနော်တို့ ကျေးလက်တောရွာမှာကျောင်းဆရာလုပ်သူတွေဟာ တကယ်ကို နာ သုံး နာနဲ့ ပြည့်စုံနေသူတွေမို့ပါ  ကျနော်တို့ကျေးလက်တောရွာတွေမှာ  သာမန်စိတ်ဓာတ်နဲ့ ဖြင့် ဘယ်လိုပုဂ္ဂိုလ်မျိုးမှ ကျောင်းဆရာ ဆရာမ လုပ်နိုင်ကြမည်မထင်ပေ   စေတနာ ၀ါသနာ အနစ်နာ ဆိုသည့် မွန်မြတ်သော စိတ်ဓာတ်ဖြင့်  ပညာအလင်းပြ ဆရာ ဆရာမများအားအထူးပင် လေးစားကြည်ညိုမိပါသည်။ ကျနော်ငယ်စဉ်အခါက ပညာဥာဏ်မနည်းခဲ့သော်လည်း ပညာကံ မွဲခဲ့ရပါသည်။ မူလတန်းကိုပင် အတန်းကုန်သည် အထိ မသင်ခဲ့ရပါ ထိုစဉ်အခါက ကျနော်ကိုယ်တိုင်က စာပေပညာရဲ့အတိမ်အနက်ကို နားမလည်ခဲ့သလို တောသူတောသားများဖြစ်ကြသည့် ကျနော်ရဲ့မိဘများမှာလည်း ကျနော်တို့ပညာရေးထက် ၀မ်းစာရေးအတွက်ကိုသည်လျှင် ရှေ့တန်းတင်ရမည့် အခြေအနေကြောင့်လည်းပါမည်ထင်သည်။ ပညာလို အိုသည်မရှိ  ဆိုသော်ငြားလည်း စာပေပညာရှာရမှာတော့  လောကလူသားများအဖို့ ဗုဒ်ဓဟောကြားထားတော်မူသည့်အတိုင်း ပထမ အရွယ်သာလျှင် အခါသင့်ပါသည်။ ကျနော့် အသက်အရွယ်သည် ယခုဆိုလျှင်ဒုတိယ အရွယ်သို့ ရောက်ရှိချေပြီ ပထမအရွယ် စာပေ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့်အတွက် ဆုံးရှုံးနစ်နာမှုတွေကို သိမြင်နေရပေသည်။ ကျနော်သည် စာပေပညာရဲ့ တန်ဖိုး ကိုသိရှိနားလည်လို့ ခုချိန်မှာ သင်လိုငြားသော်လည်း အချိန်ကားနှောင်းခဲ့လေပြီ ကျနော်ကဲ့သို့ စာမတက်လို့ ဘ၀မှာ ဆုံးရှုံးနစ်နာမှုများ မခံစားကြရစေရန် အနာဂတ်ရင်သွေးငယ်များ ပထမ အရွယ်မှာ စာပေပညာကို အရေးထားလို့ သင်ကြားကြစေလိုပါသည်။ ကျနော်တို့ တောသူတောင်သား အများစုသည်စာတက်ကြသော်ငြားလည်း စာဖက်အားအင်မတန်နည်းပါးကြသည်။ အထူးသဖြင့် ကျနော့ ချက်ကြွေ ကျနော့် မွေးရာမြေ သပြေပင်ရွာလေးမှ ရွာသူရွာသားများမှာ စာဖက်သူမရှိသလောက်ရှားပါသည်။ ။ထိုသို့ ဖြစ်ရခြင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့်ဖြစ်မည်ဟု ထင်ပါသည်။ အဓိက အကြောင်းယင်းကတော့ စာအုပ် စာပေ လွယ်လင့်တကူ မရှိခြင်းကြောင့် ဖြစ်ပါလိမ့်မည် ထိုအခက်ခဲကို ပြေလည်စေရန်နှင့် ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများ အထွေထွေဗဟုသုတ တိုးပွါးစေရန် ရည်သန်လို့ ကျနော် နှင့် ကျနော်တို့ကျေးရွာလူငယ်လေးများမှ စာအုပ်စာပေ များကို ၀ယ်ယူစုဆောင်းကာ ရွာလယ် ဓမ္မာရုံအတွင်းဝယ် စာပေဖက်ရှုလိုသူများအား အခမဲ့ ငှါးရန်းဖက်ရှုစေခဲ့ပါသည်။ ထိုသို့ ကျနော့် ကျေးရွိာကု တိုးတက်စေလိုသော ကျနော့်ကျေးရွာသူ ကျေးရွာသားများကို အသိပညာ ဗဟုသုတ ကြွယ်ဝစေလိုသော ကျနော့်ရင်မှ စိတ်ဆန္ဒများဖြစ်ပေါ်လာရခြင်း အကြောင်းရင်းမှာ ရတနာသုံးပါးနှင့် အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် များဖြစ်ကြသော ကျနော့မိဘ နှစ်ပါးနှင့် ကျနော့်ရဲ့သင်ဆရာ မြင်ဆရာ ကြားဆရာ များရဲ့ ဂုဏ်ကျေးဇူးကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် ကျနော်ရဲ့ ကိုးကွယ်ရာတပါးဖြစ်သော ဆရာတော် ဦးစက္ကနှင့် တကွ ကျနော်မူလတန်းကျောင်းသားဘ၀တွင် ကျနော်တို့ကျောင်းသားသူငယ်များအား ဆရာရဲ့ ၀တ္တရားများနှင့်အ ညီ ဆုံးမသွန်သင် စာပေပညာသင်ပေးခဲ့ကြပါသော ဆရာကြီး ဦးသန်းဆွေနှင့် ဆရာဆရာမများအား လက်ဆယ်ဖြာဦးထိပ်မှာမိုးလို့ ရှိခိုးကန်တော့လိုက်ရပါတော့သည်။
                                                        ကိုဇော်လွင်  (မန္တလေး+ RBB ဆေးတိုက်)




Tuesday, February 12, 2013

လွမ်းဖွယ် သပြေပင်


မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်လေးရဲ့မြောက်ဖြား သပြေပင်လို့ အမည်ရှိတဲ့ ဇနပုဒ်ရွာငယ်လေးဟာ
အိမ်ခြေ ၅၀ ကျော်သာ ရှိပြီး စိမ်းစိမ်းစို ကန္တရားပင်များနဲ့ အုပ်ဖုံးထားလို့ ခပ်ဝေးဝေးကလှမ်းကြည့်ရင်
ရွာ လို့မထင်ရပဲ တောအုပ်ကလေးလို့သာ ထင်ရသည်။
ရွာကလေးရဲ့ မြောက်ဘက်မှာ အင်မတန်ကြီးတဲ့ ယမားချောင်းကြီး တစ်ခုလည်းတည်ရှိလေတယ်
မိုးတွင်းကာလ ရာသီအချိန်မျိုးတွေမှာ အဲဒီချောင်းကြီးကိုအမှီပြုပြီး ရွှေများ ကျင်ကြကာ ၀မ်းစာကိုရှာရလေသည်
မိုးရေများကုန်ခမ်းလို့ ချောင်းရေများမရှိတော့တဲ့အချိန်မှာတော့ ကြက်တွန်ခင်းများစိုက်ပျိုးကာ စီးပွါးရှာရပြန်တယ် ဆည်းဆာချိန်ရောက် နေများမကွယ်ပျောက်သေးခင်မှာ ဘိုကေတွေနဲ့ ပျိုမေများ
ချောင်းထဲမှာ ရေခပ်လာကြတဲ့မြင်းကွင်းဟာ ရင်တွင်းမှာ တကယ်ကို သဘာဝဆန်လှပါပေတယ်
တစ်ချို့တလေကတော့ စိမ်းစိုစိုတမာတမ်းနဲ့ အညာက ထန်းပင်တွေကြားမှာ ထန်းလျက် ချက်ကာ စီးပွါးရှာကြသလို တောင်သူလယ်သမား ဦးကြီးများလည်း ကိုရွှေမိုးကို အားကိုးပြီး အသီးနှံများ ရာသီအလိုက်စိုက်ပျိုးကြပါသည်။ သပြေပင်ရွာလေးမှ လူအသွယ်သွယ်တို့ဟာ ဆည်းဆာချိန်ရောက် နေကွယ်ပျောက်တော့ ညချမ်းအချိန်ခါ ရောက်တဲ့အခါမှာ ရွာလယ် အောင်သုခ ဓမ္မာရုံအတွင်းမှာ
ဇီးပဏီရွာမှ စေတနာ ရှင်ကျောင်းဆရာလေးတစ်ယောက်က ယဉ်ကျေးလိမ်မာသင်တန်းနဲ့ ဓမ္မစင်္ကြာအဖွဲ့မျာကို
သွင်သင်ဆုံးမ နည်းလမ်းပြပေးလေတယ် ။ စနေ တနင်္ဂနွေ ရက်တွေကလွဲရင် သူ့အတန်းနဲ့သူ ပညာပါရမီအဖြစ် သူ့အတန်းနဲ့သူ ကျူရှင်သင်တန်းလည်း ဖွင့်လို့ထားပါတယ်…
ရွာထဲမှ လူကြီး လူငယ်တွေကတော့ ညချမ်း အချိန် ၇း၀၀ နာရီလောက်မှာ ၀ိုင်းဖွဲ့ကာ စပ်မိစပ်ရာ တရားစကားများနှင့် လူမူ့ရေး စကားများ ပြောကြားပြီး လူငယ်များကလည်း ၀ိုင်းပြီးထိုင်ကာ
နောင်လာမည့် အနာဂါတ်လှပဖို့ ရည်မှန်းချက်ကြီးစွာနဲ့ တိုင်ပင် ဆွေးနွေးကြလေတယ်…
လွမ်းဖွယ်ကောင်းတဲ့ ရွာကလေးနဲ့ ခွဲခွါနေရတာကြာနေပြီ အဖြစ်တွေဟာ အရင်နဲ့မတူ
တမူထူးခြားလို့နေပြီး လူမူ့ရေး စီးပွါးရေးနဲ့ ဘာသာရေး များ တိုးတက်နေတဲ့ရွာကလေးမှာ တနှစ်တစ်ခါ အရောက်ပြန်ရပြန်တယ်လေ....။
                                         သူရအောင်        

သူငယ်ချင်းထံပေးစာများ(၂)



သူငယ်ချင်းရေ ၁၂.၁၂.၁၂ နေ့က ကိုယ်တို့ရွာက စာကြည့်အသင်းအတွက် စာအုပ်ဝယ်ဖို့စိတ်ကူးရှိတာနဲ့ ကိုယ်ဝယ်နေကျ စာအုပ်အရောင်းဆိုင်ကို ကိုယ်ရောက်ခဲ့တယ်ကွ အဲဒီမှာ စာအုပ်တအုပ်ကို ကိုယ်တွေ့ခဲ့တယ် စာအုပ်အရောင်းဆိုင်ရောက်လို့ စာအုပ်တွေ့တာ အဆန်းတော့မဟုတ်ဖူးပေါ့ ဒါပေမယ့် သူငယ်ချင်းရေ ကိုယ်တွေ့လိုက်တယ်ဆိုတဲ့ စာအုပ်လေးဟာ မင်းတို့ ကိုယ်တို့တွင်မဟုတ် ကိုယ်တို့ကျေးလက်ပြည်သူအများ အပြားရဲ့ နှလုံးသားမှာ တရှိုက်မက်မက်စွဲလန်းမြတ်နိုးခဲ့ကြရတဲ့ မြန်မာဂန္တ၀င်အဆိုကျော်ကြီး တွံတေးသိန်းတန်ရဲ့ အတ္ထုပ်ပတ္တိစာအုပ်လေးတစ်အုပ်ပါ ဦးသိန်းတန်ရဲ့ အတ္ထုပ်ပတ္တိကို ရေးသားဖော်ပြပေးသူကတော့ ထန်လှိုင် တဲ့ ၊ သူငယ်ချင်းရေ သူကလည်း တွံတေးသားဘဲကွ တွံတေးသားအဆိုတော်ကြီးရဲ့ အတ္ထုပ်ပတ္တိကိုတွံတေးသား စာရေးဆရာကရေးတယ်ပေါ့…။
သူငယ်ချင်းရေ မင်းတို့ ကိုယ်တို့သိထားတာက တွံတေးသိန်းတန်ဆိုတာ အဆိုတော်တစ်ဦးအဖြစ်သာ သိထားကြတာမဟုတ်လား။ တကယ်က တွံတေးသိန်းတန်ဟာ အဆိုတော်တစ်ဦး အဆိုကျော်တဲ့သူ တစ်ယောက်ဖြစ်ယုံတင်မကဘူး သူငယ်ချင်းရေ၊ ဂီတ အနုပညာမှန်သမျှကို ကြိုးကြိုးစားစားနဲ့သင်ယူ တက်မြောက်ထားသလို စာပေဘက်မှာဆိုလည်း မြန်မာစာပေတွေတွင်မက အနောက်တိုင်း ကဗျာ ၀တ္ထုတွေကိုတောင် ဝေဖန်နိုင်တဲ့အထိ နှံနှံစပ်စပ်လေ့လာဖတ်ရှု့တဲ့သူလို့ ဆိုတယ် သူငယ်ချင်းရဲ့…။
တွံတေးသိန်းတ န်ဟာ သီချင်းတွေဆိုသလို သီချင်းတွေလည်းရေးတယ် ၀တ္ထုတွေလည်းရေးတယ် ဇာတ်ညွှန်းလည်းရေးသတဲ့ ဒါတင်မကသေးဘူးသူငယ်ချင်းရေ ဒါရိုက်တာလည်းလုပ်ပြန်သတဲ့၊ နောက်  သူကိုယ်တိုင်မင်းသားလုပ်ပြီးရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၆၈ကား တေင် ရှိတယ်ဆိုဘဲ..။
တွံတေးသိန်းတန်ဟာ အဆိုဘက်မှာတောင်သိလို ရုပ်ရှင်သရုပ်ဆောင်ဘက်မှာလည်း သူ့ခေတ်သူ့အခါတုန်းကတော့ အောင်မြင်မှုတွေရှိခဲ့ဖူးသူပေါ့၊ သူငယ်ချင်းရေ တွံတေးသိန်းတန်ရဲ့အကြောင်းကို ထပ်သိချင်သေးရင် သူ့အတ္ထုပ်ပတ္တိစာအုပ်လေးကိုသာ ဆက်ဖက်ပါတော့ ကိုယ်ပြောချင်တာက ယနေ့အထိကိုယ်တို့ကျေးလက်တောရွာတွေမှာ တမ်းတသသနဲ့လွမ်းဆွတ်နေခဲ့ရတဲ့ ဂန္တ၀င်အဆိုတော်ကြီး ဦးသိန်းတန်ဆိုတာ တချိန်က သူလည်းဘဲ မင်းတို့ကိုယ်တို့လို မထင်ရှားတဲ့ကျေးလက်တောရွာ ဇနပုဒ်ကပါဘဲ…။
အဲဒီကျေးတောသားလေး တစ်ယောက်ဟာ သူဝါသနာပါတဲ့ အလုပ်ကို ကြိုးစားပီးလုပ်ကိုင်လာလိုက်တ္တာ၀င်အဆိုတော်ကြီး ဦးသိန်းတန်ဆိုတာ တချိန်က သူလည်းဘဲ မင်းတို့ကိုယ်တို့လို မထင်ရှားတဲ့ကျေးလက်တောရွာ ဇနပုဒ်ကပါဘဲ…။
အဲဒီကျေးတောသားလေး တစ်ယောက်ဟာ သူဝါသနာပါတဲ့ အလုပ်ကို ကြိုးစားပီးလုပ်ကိုင်လာလိုက်တာ သူ့ရဲ့အောင်မြင်မှုတွေဟာ သူသေသွားတာ ဆယ်နှစ်ကျော်ရှိသည့်တိုင် မင်းတို့ကိုယ်တို့ကျေးလက်တောသူ တောင်သားတွေရဲ့+နှလုံးသားထဲမှာ သူရဲ့ ဆွတ်ပျံ့တဲ့တေးသံတွေဟာ ရှိနေဆဲပဲဆိုတာ မင်းတို့ကိုယ်တို့အားလုံးအသိပဲမဟုက်လား။ သူငယ်ချင်းရေ ဒီနေရာမှာ ကိုယ်ပြောချင်တာက  လူတော်လူကောင်းတွေ အကြောင်းကိုပါ ၊တွံတေးသိန်းတန် ထက်တော်တဲ့လူ၊ ကောင်းတဲ့လူတွေလည်းအများကြီးပဲရှိခဲ့ပါတယ် ၊ ဒါပေမယ့် ခုကတော့ တွံတေးရဲ့ သိန်းတန်ရဲ့ အထ္ထုပ်ပတ္တိ စာအုပ်ကလေးနဲ့ ဆက်စပ်နေလို့ တွံတေးသိန်းတန်ကိုဦးတည်ပြီး ပြောလိုက်တာပါ။ လူတော်ဆိုတာကတော့ ဘ၀အတွက်တိုးတက်ဖို့လုပ်ကိုင်နေကြရင်းကြီးပွါးချမ်းသာတိုးတက်သွားသူတွေကို အကြမ်းဖျဉ်းအားဖြင့်တော့ တော်တဲ့လူလို့ဆိုနိုင်တာပေါ့ အဲဒီလိုပဲ ကိုယ့်အကျိုးအတွက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်သလို၊ အများ အကျိုးအတွက်အဖက်ဖက်ကကောင်းမွန်အောင်ကြိုးစားဆောင်ရွက်နိုင်သူတွေကတော့ လူကောင်းတစ်ယောက်အဖြစ်သတ်မှတ်လို့ရတယ်ပေါ့၊ ကိုယ်တို့ပတ်ဝန်းကျင်မှာလည်း လူတော်တွေတော်တော်များများတော့ရှိနေကြပါတယ်။ အဲဒီတော်တယ်ဆိုတဲ့ လူတွေဟာ အများကောင်းကျိုးအတွက်ပါ စေတနာထား ဆောင်ရွက်လာမယ်ဆိုရင်တော့ သူတို့ဆောင်ရွက်တဲ့အတိုင်းတာအလျှောက်ကောင်မွန်တဲ့ အကျိုးရလဒ်တွေမလွဲဧကန်ရရှိလာကြမှာပါ။
  သူငယ်ချင်းရေ…ဒီကနေ့ ဘယ်နေရာမှာပဲကြည့်ကြည့် ထိပ်တန်းရောက်ရှိနေသူတွေဟာ ဇွဲ၊လုံ့လ၊၀ီရိယ ဆိုတဲ့ ကြိုးစားမှုတွေအပြင် အသိမြင်အတွေးခေါ်အယူဆမှန်ကန်မှုတို့ကြောင့်ပဲဖြစ်လိမ့်မယ်။ အဲသလိုအမှန်ကိုသိနိုင်အောင်   အမှန်ကိုမြင်နိုင်အောင်  အမှန်ကို တွေးတက်အောင်ဆိုရာမှာတော့ စာပေတွေလေ့လာလိုက်စားဖက်ရှု့ဖို့လည်းလိုလိမ့်မယ် ။ စာဖက်နိုင်ဖို့အတွက်ကတော့ စာတက်ဖို့လိုတယ် သူငယ်ချင်းရေ…။ စာမတက်တဲ့သူဟာ စာမဖက်နိုင်ဘူး စာမဖက်တော့ ဗဟုသုတတည်းမပြည့်စုံဘူး  ကိုယ့်လုပ်ရက်အပေါ်မှာအမှားအမှန်ကိုလည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ဘူး မှန်တာကိုမှန်တဲ့အတိုင်း မလုပ်တက်တော့ အမှားဆိုတာတွေဖြစ်လာတော့တာပေါ့ ။ ဒါ့အပြင် စာမတက် စာမဖက်သူတွေဟာ လူတောမတိုးဝံ့  လူဝင်မဆံ့ဘူး လူတောမတိုး လူဝင်မဆန့်ဘူးဆိုတာ ကိုယ်လိုလူနုံ လူအတွေ အချင်းချင်း ကြားမှာ မသိလိုက် မသိဖာသာနေ  နေလို့ရပေမယ့် တကယ်တော်တဲ့  တက်တဲ့ သိတဲ့ လူတွေနဲ့ ကြုံဆိုလာတဲ့အချိန်မှာတော့ ကိုယ်နုံတာ အာတွေဟာ တော်တော်လေးကိုပဲ ကိုယ့်ကိုယ် ကို သိသာလာတယ် ဒါ့အပြင် ကိုယ့်ကိုယ်ကို အားငယ်စိတ် သိမ်ငယ်စိတ်တွေလည်း ၀င်လာတယ် ဒီလို အားငယ်စိတ် ကြောက်စိတ် သိမ်ငယ်စိတ်တွေ ၀င်လာပြီဆိုရင် အဲဒီလူတစ်ယောက်ရဲ့ ဘ၀ဟာ တိုးတက်အောင်မြင်မှုဆိုတဲ့ ရလဒ်ကောင်းတွေနဲ့လွဲချော်သွားနိုင်တယ် 
  သူငယ်ချင်းရေ ကိုယ်ကတော့ ကိုယ်တို့ရွာက ကလေးတွေကို မအ စေချင်ဘူး၊မနုံစေချင်ဘူး  သူတို့လေးတွေရဲ့ ရင်ထဲမှာ ကြောက်စိတ်တွေ အားငယ်စိတ်တွေ သိမ်ငယ်စိတ်တွေရှိမနေစေချင်ဘူး ဘ၀အတွက် ရလဒ်ကောင်းတွေမပေးစွမ်းနိုင်တဲ့  ကြောက်စိတ် အားငယ်စိတ် သိမ်ငယ်စိတ်တွေ ကိုယ်တို့ရွာက ကလေးငယ်လေးတွေရဲ့ ရင်ထဲမှာ ခိုအောင်မနေဖို့ရာအတွက်  စာတက်အောင်သင်ကြပါ  စာဖက်အောင်ညွှန်ကြပါ …သူငယ်ချင်းရေ   ကိုယ်ကတော့ ရွာနဲ့ကွဲကွာနေလေတော့ ကိုယ်တို့ရွာက ကလေးတွေကို စာတက်အောင် စာဖက်အောင်ဆိုတာတွေကို တွန်းအားမပေးနိုင်ခဲ့ဘူး ဒါကြောင့်မို့ ကိုယ်ဖြစ်စေချင်တာတွေကို  ကိုယ်တက်သလောက်လေးနဲ့ ခုလိုစာတွေးတွေရေနေမိတယ် ။ ကိုယ်ရေးလိုက်တဲ့ ဒီစာတွေကို သူငယ်ချင်းတို့ရဲ့ သားငယ် သမီးငယ် လေးများနဲ့ ကိုယ်တို့ ရွာက လူငယ်လေးတွေကို လမ်းညွှန်ပေးကြပါဦး သူငယ်ချင်းတို့ရယ်…။
    သူငယ်ချင်း  ရေ …ကိုယ်တို့ရပ်မှာ လူမှုရေး စီးပွါးရေး ပညာရေး တွေမမှာ အတော်လေး အောက်တန်း နောက်တန်း ကျသကွ။ ဒါကြောင့်မို့ ကိုယ်တို့ ရွာက ကလေးတွေကို ပညရေးဖက်မှာ ဆုံးခန်းတိုင်အောင် သင်ကြားစေချင်တယ် ဒီအတွက် မင်းတို့ မိဘတွေဖက်ကလည်း အလုပ် လုပ်နိုင်ရင် ထမင်းစားရတာပဲ ဆိုတဲ့ ကိုယ်တို့တွေရဲ့ ရှေးရိုးအစွဲကြီးကို ဖျောက်ဖျက်ပြီး ကလေးတွေရဲ့ ရှေ့ရေးကို တွေးပြီး ပညာရေးကို အလေးထားစေချင်တယ် ။ နောင်တခေတ်မှာ လူကြီးတွေဖြစ်လာမယ့် ကလေးတွေရဲ့ ဘ၀တိုးတက်မြင့်မားလာဖို့ရာမှာ စာပေ     (အတန်း)ပညာဟာ အဓိကသော့ချက်တစ်ခုဖြစ်တယ် သူငယ်ချင်း။
 စာပေပညာမတက်လည်း လူလောကြီးထဲမှာ ကြိုးစားရုန်းကန်နေထိုင်လို့ ရတော့ ရတာပေါ့ သူငယ်ချင်းရယ် ဒါပေမယ့် ဖြစ်ပေါ်လာမဲ့ အကျိုးမြတ်ရလဒ်တွေကကျတော့ ဘယ်တူမလဲ သူငယ်ချင်း ရယ် ။ ပညာမတက်တဲ့သူတွေဟာ နောက်တန်းမှာပဲကျန်ရစ်ခဲ့ရတယ်။ သူငယ်ချင်းရေ  ကိုယ်တို့တွေမှာ ပညရေးချို့တဲ့မှုအတွကြောင့်ဘယ်လောက်ထိအောင် နောက်တန်းကျနေသလဲဆိုတာ မင်းသိအောင် ကိုယ်အနည်းငယ်ပြောပြမယ် ။ ကိုယ် အခုရောရှိနေတဲ့  မန္တလေးမြို့ကြီးမှာ ကိုယ်တို့လို အနယ်နယ်အရပ်ရပ်က  တောသူတောင်သားတွေ အများပြားပဲရှိကြပါတယ်  အဲဒီ အထဲက တစ်ချို့  ဌာန ဆိုင်ရာဝန်ထ်းတွေလည်းရှိကြတယ်ကွ တစ်ချို့တော့လည်း ပုဂ္ဂလိကလုပ်ငန်းတွေဘက်မှာ ဘဏ်ဝန်ထမ်းတွေ ကုမ္မဏီဝန်ထမ်းတွေ စူပါမားကတ် (ဈေးဆိုင်) ၀န်ထမ်းတွေ စသည်အားဖြင့် နေရာ အသီးသီးမှာလုပ်ကိုင်နေကြတယ် အဲဒီလူတွေဟာ ပင်ပင်ပမ်းပမ်း မလုပ်ကြရပဲနဲ့  လစာ (ပိုက်ဆံ) များများရကြတယ် ။ သူငယ်ချင်းရေ သူတို့တွေဟာလည်း ကိုယ်လိုတောသူတောင်သားချင်းအတူတူ ဘာဖြစ်လို့နိုင်ငံဝန်ထမ်းတွေ ဖြစ်နေကြသလဲ ?  ဘာဖြစ်လို့ ကမ္မဏီကြီးမှာ အရောင်းဆိုင်ကြီးတွေမှာ သက်သောင့် သက်သာနဲ့ လုပ်ကိုင်ပြီး လစာ (ပိုက်ဆံ)တွေများများစားစားထိုက်ထိုက်တန်တန်ရနေကြတာလဲ …။ အဖြေကတော့ ရှင်းပါတယ်  သူငယ်ချင်း သူတို့တွေဟာ ပညာတက်တွေဖြစ်နေကြလို့ပေါ့ ။ သူငယ်ချင်းရေ ကိုယ်တို့တွေမှာတော့ ပညာမတက်ဘူးကွ ဒီတော့ ပညာမပါတဲ့ အလုပ်ကိုပဲ ဆင်းရဲပင်ပမ်းကြီးစွာ လုပ်နေကြရတာဟာ ဂုဏ်ယူစရလားကွာ..။ သူငယ်ချင်း ရေ ကိုယ်တို့ ရွာသားတွေ ထဲက တိုင်းပြည်အတွက် ၀န်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ မရှိခဲ့သေးဘူး။ အများကောင်းကျိုး အတွက်ဆောင်ရွက်ခဲ့တဲ့ လူတော်တွေလည်း မပေါ်ထွန်းခဲ့သေးဘူးနော် …ဒါ့အပြင်အများ (တိုင်းပြည်)အတွက် တဖတ်တလမ်းကအထောက်ကူပြုနိုင်တဲ့ ဂီတ အနုပညာရှင်တို့  စာရေးဆရာတို့ဆိုတာလည်းမရှိသေးဘူးမို့လား သူငယ်ချင်း။ ကျောင်းဆရာတို့ ဆရာဝန်တို့ဆိုတာတော့ ပိုလို့ဝေးပေါ့ သူငယ်ချင်းရယ်။  သူငယ်ချင်းရေ စစ်ဗိုလ်ကြီးဖြစ်ဖို့ ။ ဆရာဝန်ကြီးဖြစ်ဖို့ ။ကျောင်းဆရာဖြစ်ဖို့ ။အရာရှိကြီးဖြစ်ဖို့ ။စာရေးဆရာကြီးဖြစ်ဖို့ ။အင်ဂျင်နီယာကြီးဖြစ်ဖို့ စတဲ့ နေရာတိုင်မှာရှေ့ဆောင်သူ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို့ရာမှာ စာတက်ဖို့က အဓိကအခြေခံတရပ်ဖြစ်တယ်သူငယ်ချင်း…။
စာတက်ထားသူတစ်ယောက်ဟာ နောက်ဆုံးအဆင့် အသုံးမကျဘူးဆိုရင်တောင် မှ။ စာမတက်သူနဲ့ ယှဉ်ရင်တောင် စာတက်သူဟာ လူယဉ်ကျေးတစ်ယောက်တော့ ဖြစ်နေဦးမှာပါ ။ သူငယ်ချင်း ဒါကြောင့်မို့
ကိုယ်တို့ရွာ သူ ရွာသား သူငယ်ချင်းတို့ရဲ့ သားငယ်သမီးငယ်လေးတွေဟာ အသုံးမကျခဲ့ရင်တောင်မှ ပညာတက်ဘွဲ့ရဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုက မင်းတို့ ကိုယ်တို့ရဲ့ ရင်မှာ ပီတိတစ်ခု အဖြစ် ကျန်ရစ်နေဦးမှာ ပါ သူငယ်ချင်းရာ ။ သူငယ်ချင်းရေ မင်းတို့ ကိုယ်တို့ရွာက ကလေးတွေရဲ့ ပညာရေးကို ခုလို ဦးစားပေးပြောနေသလို ကိုယ်တို့မင်းတို့ကလည်း ကိုယ်နေတဲ့ ပတ်ဝန်းကျင် ကိုယ့်ကျေးရွာကို တိုးတက်ဖို့ ဖွင့်ဖြိုးဖို့ သာယာဖို့ အတွက်တွေ တဖတ်တလမ်းကနေ ဆောင်ရွက်ကြဖို့လိုတယ်ကွ။ ဒီလိုဆောင်ရွက်ရာမှာ ကျေးရွာအတွင်းမှာနေထိုင်သူမှန်သမျှကမြင့်မြတ်တဲ့ စိတ်ဓာတ်တွေမွေးပြီး စည်းလုံးညီညွတ်မှုတွေ ရှိနေကြဖို့လည်းလိုသကွ။ သူငယ်ချင်းရေ  တစ်ရွာထဲမှာ အတူနေထိုင်ကြသူတွေဆိုတော့လည်း တစ်ခါတရံမှာ တစ်ဦးနဲ့ တစ်ယောက် အခန့်မသင့်တဲ့ အခါ ဒေါသတွေနဲ့ ရန်ဖြစ်ကြရတာတွေလည်း ရှိကြမှာပါပဲ အဲဒီအခါမှာ တစ်ဦးက တစ်ဦးကို မွန်မြတ်တဲ့ စိတ်ထားတွေနဲ့ သီးခံခွင်လွှတ်စိတ်တွေမွေးနိုင်ကြဖို့လိုတယ် သူငယ်ချင်းရယ်..။ ကိုယ်တို့ရွာသူ ရွာသားတွေဟာ တကယ်တော့ အတွင်း အဇ္ဖျတ္တစိတ်ထားလေးတွေက ကောင်းကြပါတယ် နှလုံးသားဖြူစင်လှပကြတယ်ပေါ့ကွာ ။ ကိုယ်တို့ရွာသူ ရွာသားတွေ ရင်တွင်း နှလုံးသားဖြူစင်လှပကြပုံလေးတွေထဲက ကိုယ်မှက်မိတာလေးတစ်ခုကို ပြောပြဦးမယ်။ တစ်ချိန်က ကိုယ်တို့ဝန်းကျင်တ၀ိုက်မှာ နွားခိုးတွေသောင်းကြမ်းလို့။နွားတွေ ခဏ ခဏပျောက်တဲ့အထဲမှာ ကိုယ့်တို့ရွာမှာလည်း နှစ်ဦး နွားအခိုးခံခဲ့ရဖူးတယ်။ တစ်ဦးက  ကိုလှမြင့် မအုံးတင် ။ နောက်တစ်ဦးက ကိုမြတ်ဆောင် မမိခင်တို့လေ။ အဲတုန်းက ကိုယ်တို့က ခပ်ငယ်ငယ်ကလေးသာသာအရွယ်ပေါ့။ မင်းတို့လည်းမှက်မိလိမ့်ဦးမယ်ထင်တယ် ။ ကိုယ့်ရွာထဲက ဘယ်သူတော့ သူ့နွားအခိုးခံလိုက်ရပါပြီဆိုတာနဲ့ ရွာထဲမှာရှိကြတဲ့ ယောင်္ကျား မိန်းမ ကလေး လူကြီးပါမကျန် နွားအခိုးခံရဲ့အိကို ၀ိုင်းအုံရောက်လာကြပြီး အခိုးခံလိုက်ရတဲ့ နွား  လိုက်ရှာဖို့ အရေး  ဆွေးနွေးတိုင်ပင်ပြီး ညီညီညွတ်ညွတ် တက်ညီလက်ညီနဲ့ လိုက်ရှာလိုက်ကြတာ နွားခိုးသူကို အမိမဖမ်းလိုက်နိုင်ပေမယ့် အခိုးခံလိုက်ရတဲ့ နွားကိုတော့ ပြန်ရခဲ့ကြတယ်ကွ။ သူငယ်ချင်းရေ ဒီနေရာမှာ ကိုယ်ပြောလိုတာက နွားအခိုးခံရတဲ့သူဟာ ရွာထဲက တစ်ချို့ တချို့သော သူများနဲ့ အခန့်မသင့်ပြီး ရန်ဖြစ်ထားခဲ့ဖူးသူ  စကားများထားခဲ့ဖူးသူတွေရှိနေမှာပဲ ။ဒါပေမယ့် ခုလို သူတစ်ဦးတစ်ယောက် နွားအခိုးခံလိုက်ရတယ်ဆိုတာ သိလုက်ရတဲ့ အချိန်မှာ ဒီကောင်ဘယ်တနုးက ဘယ်တွက် ငါနဲ့ စကားများဖူးတယ် ရန်ဖြစ်ဖူးတယ်ဆိုတဲ့  အငြိုးတေးစိတ် တွေ အာဃာသ စိတ်တွေ မရှိခဲ့ မထားခဲ့ကြပါဘူး။ ကိုယ့်ရွာသားအရေး ကိုယ့်အရေးလို သဘောာထားကာ တစ်ရွာလုံးဟာတက်ညီလက်ညီနဲ့ ကူညီဆောင်ရွက်ခဲ့ကြတာဟာ  ရင်တွင်းစိတ်နှလုံးသားလှပကြတာပဲသူငယ်ချင်း…။သူငယ်ချင်းရေ  ကိုယ်တို့ရွာသူရွာသားတွေရဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အပြုမူလေးတွေဟာအကျည်းတန်အရုပ်ဆိုးတယ်လို့ဆိုရပေမယ့် ကိုယ်တို့ရွာသူရွာသားတွေရဲ့ ဖြူစင်တဲ့ အတွင်းနှလုံးသားကို မြင်နေတဲ့ ကိုယ်ကတော့ ချစ်စရာဓလေ့လို့ပဲမြင်မိပါတယ် အားလုံးဟာ အမြဲတမ်းချစ်ခင်နေကြရင်တော့ ပိုပြီးကောင်းမှာပေါ့ ဒါကြောင့်မို့ ကိုယ်တို့ရွာသူ ရွာသားတွေအားလုံးအမြဲတမ်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမျိုးဘာသာ သာသာနာအကျိုး ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ကျေးရွာ အတွက် ကောင်းကျိုးတွေ  ဆထက်ထမ်းပိုး ဆောင်ရွက်ဆောင်ရွက်နိုင်ကြစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သူငယ်ချင်းထံပေးစာများ ဒီနေရာမှာ ခဏနားလိုက်ဦးမယ် သူငယ်ချင်းရယ်….။
                         ကိုဇော်လွင် (RBB)
                                     မန္တလေးမြို့

သူငယ်ချင်းထံ ပေးစာများ (၁)


သူငယ်ချင်းရေ…..သပြေပင် ဆိုတဲ့ ကိုယ်တို့ ကျေးရွာလေးနဲ့ ဝေကွာခဲ့ရတာ နှစ်တွေ ကြာခဲ့ပြီးကွာ ။ အခြေနေမပေးလို့ တနယ်တကျေးမှာ ဝေးကွာနေရပေမယ့် သပြေပင်ဆိုတဲ့ ကိုယ်တို့ရွာကလေးနဲ့ မင်းတို့ တစ်တွေကို အမြဲထာဝရ ကိုယ်ကတော့ သတိရနေလျက်ပါ ကိုယ့်မိဘ ညီအစ်ကို မောင်နှစ်မများနဲ့ အဖိုးအဘွားဆွေမျိုးများ ကိုယ့်နယ်သူ ကိုယ့်နယ်သား အပေါင်းဖော် မိတ်သင်္ဂဟ တွေကိလည်း သတိရမြဲပါပဲ…
သူငယ်ချင်းရေ…ကိုယ်တို့ ငယ်ငယ်ကလေးအရွယ်က လသာတဲ့ညတိုင်းမှာ အမေထွေး အိမ်ဝိုင်း အကျယ်ကြီးထဲမှာ အမေသိန်း (ဒေါ်လှသိန်း)အိမ်ဝိုင်းအကျယ်ကြီးထဲမှာ ကြက်ဥ၀ှတ်တမ်းး ၊ ထုပ်ဆီးတိုးတမ်း ၊ ညောင်ပင်တစ္ဆေ လုပ်တမ်းကစားခဲ့ကြရတာလေးတွေကိုလည်း ကိုယ်ကတော့ သတိရနေမိသေးတယ်ကွာ။ ကိုယ်တို့တွေကို ၊ ယဉ်ကျေးသိမ်မွေ့လာအောင် နူးညံ့တဲ့ နှလုံးသားပိုင်းရှင်တွေဖြစ်လာအောင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို လိုက်နာ ကျင့်သုံးနိုင်အောင် သွန်သင်ဆုံးမပေးခဲ့ရှာတဲ့ ဆရာတော်ဘုန်းကြီးနဲ့ ဘုန်းတော်ကြီး ကျောင်းတော်ကြီးကိုလည်း မှန်းမျှော်ပြီး ရှိခိုးကန်တော့မိတာလည်း အကြိမ်ကြိမ်ပါပဲ သူငယ်ချင်းရယ်…ကိုယ်တို့အရွယ်လူမမယ် ကလေးဘ၀က မြန်မာ့စာပေရဲ့ အခြေခံဖြစ်တဲ့ ကကြီး အစ အ အဆုံး စာလုံးအပေါင်းကို သဘောပေါက်နားလည်အောင် ငေါက်ချည်တခါ ချောချည်တလှည့်နဲ့ စာပေပညာကိုသင်ပေးခဲ့ကြတဲ့ ဆရာ ဆရာမကြီးများနဲ့ မူလတန်းကျောင်းတော်ကြီးကို လည်း အစဉ်အမြဲ တလေးတစားနဲ့ အလေးထားလျှက်ပါပဲ သူငယ်ချင်းရယ်…။
သူငယ်ချင်းရေ……နေညိုချမ်းဆည်းဆာလွှမ်းတဲ့ ညနေချမ်းအချိန်မှာ ကိုယ်တို့သူငယ်ချင်းတွေ သောက်ရေခပ်ဆင်းခဲ့ကြတာတွေကိုလည်း မမေ့နိုင်ခဲ့ဘူးပေါ့။ မိန်းကလေးများက ရေအိုးကိုယ်စီရွက်လို့ ကိုယ်တို့ ယောင်္ကျားလေးများကတော့ ရေအိုးကိုတဖက်တစ်အိုးထည့်ပြီး ထန်းပိုးနဲ့ ထမ်းရတဲ့ “ဆိုင်းတန်း“ လေးတွေကို ကိုယ်စီထန်းကာ စကားလေးတွေ တပြောပြော ၊ သီချင်းလေးတွေတကြော်ကြော်ဆိုကာ ရွာမြောက်ဖက်က ယမားချောင်းကြီးထဲမှာ လေးပေပတ်လည်လောက် လက်ယက်တွင်းလေးထဲက တစိမ့်စိမ့်ကျနေတဲ့ ကြည်မြမြ စမ်းရေအေးအေးလေးကို တစ်တောင်ကျော်ကျော် (သုံးပေခန့်) အရိုးရှည်ရှည် အုန်းမှုတ်ခွက်လေးနဲ့ ထွက် တဦးနဲ့ တစ်ယောက်နောက်ပြောင် ကြည်စယ်ခဲ့ကြပုံလေးတွေကို ကိုယ်တော့ မေ့မရနိုခဲ့ဘူး သူငယ်ချင်းရယ်…။
သူငယ်ချင်းရေ နွားတွေ တအုပ်တမကြီးနဲ့ ဆပ်ပဂျင်း(ဆပ်ပြာကျင်း)တောကို နွားကြောင်းခဲ့ကြတာကော မှက်မိသေးရဲ့လား ကိုယ်ကတော့ ယနေ့ထိမြင်ယောင်မိသေးတယ်ကွာ။ ကိုယ်တို့ကြောင်းတဲ့နွားတွေက များသလို ဆပ်ပဂျင်း(ဆပ်ပြာကျင်း)ကကျယ်တော့ အဆင်ပြေတယ်နော် နွားတွေကိုလွှတ်လိုက်ပါပြီဆိုကတည်းက ရွာအပေါက်ကနေ လှည်းလမ်းမကြီးရဲ့ဘေးတဖက်တချက်မှာ တာဝန်ကိုယ်စီယူပြီး ဆပ်ပြာကျင်း ရောက်တဲ့ အထိ နွားအုပ်ကြီးနဲ့အတူ ပြေးလိုက်ခဲ့လိုက်ကြရတာ ဆပ်ပြာကျင်းရောက်တော့လည်း ရေစိမ့်ကုန်းတစ်မဖက်က တာဝန်ယူရသူ ဟိုး မြောက်ဖက် အိန့်ပိုင်းကို တာထီယာခင်းဖက်က တာဝန်ယူတဲ့သူနဲ့ သူ့နေရာနဲ့သူ ၀ာာဝန်တွေ အသီးသီးခွဲဝေခဲ့ကြတယ်လေ။ မြင်ယောင်မိသေးတယ် “မောင်မို့“တို့ ၀င်းခိုင်တို့က ကိုတာတီးရဲ့ အခင်းဘက်က ထန်းပင်လေးတွေရဲ့ အရိပ်အောက်မှာ ကန္တာရတုတ်တိုလေး တချောင်းစီနဲ့ လေလေးတကြူကြူနဲ့ပေါ့ သစ်လွင်ကတော့ ”ဂွ”တစ်စင်းနဲ့”ငုံး”လိုက်ပြစ်နေတာ ကိုယ်ကတော့ ကမ်းပါးထိပ်မှာသီချင်းတွေအော်လို့ပေါ့ တခါတလေကျတော့လည်း ”ထူး”ထဲမှာ ရေချိုးရင်းငါးဖမ်းခဲ့ကြတယ်နော်။ သူငယ်ချင်းရေ ဟန်စိန်ကြီးကို
ဘ လေး အေးမော်က နဖူး ရွှေတောင်နဲ့ရိုက်ခဲ့တာလည်းမှတ်မိသေးတယ်ကွ၊ ဒီကောင့်”ဂျိုထောင်ထောင်မက ဆိုးတာကိုး၊ တခါသား”အောင်သိန်း”လိုက်လာတဲ့နေ့ကဆို ပြေးလိုက်တာကွာ ”ဘ လေးခင်မောင် အခင်းကစပြီး ကိုဆယ်ညွန့် အဲဒီကနေ ပြေးလိုက် ဟိုတောင်ထဲထိရောက်တယ် ဂျိုးထောင်မ ဆိုမှ တကယ့်ကို ဂျိုထောင်တဲ့ နွားမကွ အဲဒီနွားမကြီးကော ခုထိရှိသေးသလားမသိဘူး မှတ်မှတ်ရရ ဒို့တွေနွားကျောင်းခဲ့တဲ့ကာလတစ်လျှောက်လုံး တခါတော့အတိုင်ခံလိုက်ရတယ်နော် တကယ်တော့ အဲဒီတုန်းက အခင်းဝင်တာ ငါ့နွားမပါဘူးကွ မောင်ချောကလျှောက်ပြောလိုကငါပါ ခံလိုက်ရတာ အဲဒီတုန်းက တော်သေးတယ်နော် ဦးဆယ်ညွန့်တို့က ဒို့ကိုသက်ညှာလို့ ဒို့မိဘတွေတောင်းပန်တာနဲ့ ကျေအေးပေးလိုက်တာ ဒါနဲ့”ဘ လေး အေးမောင်”ကြီးကော နေကောင်းရဲ့လားကွ သူလည်းပဲဒို့အပေါ် ကျေးဇူးရှိတယ်နော် သူ့အခင်းထဲဆို ဒို့နွားတွေ ခဏခဏ၀င်တာဘဲ ဒါပေမယ့် တိုင်လားတောလားမလုပ်ပဲ ဒို့ကိုရိုက်ဆုံးမတာ ငေါက်တာလောက်နဲ့ပဲပြီးခဲ့တာမဟုတ်လား ဒါ့ပြင် ကိုယ်တို့တတွေကို သူ့တူသားနောင်မယ်တွေလို ဆုံးမပေးရှာတယ်လေကွာ။
သူငယ်ချင်းရေ နွားကျောင်းရင်း ကိုယ်တို့တတွေလုပ်ခဲ့ကြတာတွေကိုပြန်ပြောပြရရင် ဆုံးမှာမဟုတ်ဘူးကွာ ဒီတော့ နွားကျောင်းရင်းကြုံတွေ့ခဲ့ကြရတဲ့ အဖြစ်ပျက်လေးတွေကိုလည်း ကိုယ့်မျက်စိထဲမှာမြင်ယောင်ဆီပါလို့ ရွာမှ သူငယ်ချင်းများသို့ သတိရတမ်းတလျှက်…..။
သူငယ်ချင်းရေ…မိုးဖွဲဖွဲလေးတွေကျတဲ့ လမိုက်ညများမှာ ငှက်ကောင်ရိုက်ခဲ့ကြရတာကိုလည်း မှတ်မိဦးမှာပေါ့။ ကိုယ်တို့ဆရာတပည့်နှစ်ယောက်မှာတော့ ဘယ်တုန်းကမှ သူများတွေလောက်မရခဲ့ကြပါဘူး။ အကုသိုလ်အကျိုးပေးနည်းတယ်ထင်ပါရဲ့ ဒါပေမယ့် တခုတော့ရှိတယ်ကွ ငါပြောပြရဦးမယ် ဒို့ဆရာ တပည့်နှစ်ယောက် အကြောင်း ထုံးစံအတိုင်းပေါ့ကွာ ငါ့ဆရာ ကိုကျောင်မြင့်က ခြောက်ဘို့ ဘက္တရီအိုးလေး တစ်ဖက်ကဆွဲ ဓါတ်မီးလေးတ၀င်းဝင်းနဲ့ ငှက်ရိုက်တုတ်ကလေးတဆ ဆနဲ့ပေါ့ ရှေ့မှာ ငုံးကြောင်ကြီးနှစ်ကောင် ၀တ်နေတာ နောက်ကနေတဲ့ ငါတောင်မြင်နေရတယ်ဆိုတော့ ငါ့မှာ အိပ်ကလေးထဲ ကောက်ထည့်ရအောင် ဟန်ပြင်နေရတာပေါ့ ဒါပေမယ့် သူငယ်ချင်းရေ ငါ့ဆရာ ဘုလုပ်တယ်ထင်တုန်း တုတ်လေးနဲ့တို့ကြည့်သတဲ့ဗျာ သြော်…ငါ့ဆရာ ငုံးမို့ မရိုက်တာနေမှာပါဆိုပြီး ငါ့မှာငြိမ်နေရတာပေါ့ ရှေ့နားရောက်တော့ဖုန်း ဆို အားရပါးရရိုက်ပါလေရော့ ငါ့မှာ ဇဝေဇ၀ါဖြစ်နေတာပေါ့ ဘာကြောင့်လဲ သိလား သူငယ်ချင်းရဲ့ ၊ ငါ့ဆရာ ကိုကျော်မြင့် အားပါးတရရိုက်ထည့်လိုက်တာ ထန်းသီးမှုတ်ခွံကြီးဖြစ်နေလို့ကွ နောက်တစ်နေ့ကျတော့ ဒီအကြောင်းတွေကို အမေ့ကိုပြောပြတော့ ရယ်လိုက်လေကွာ အမေကပြောသေးတယ်” မင်းဆရာ အမူးမပြေသေးလို့နေမှာပေါ့” တဲ့ တကယ်တော့ ငါ့ဆရာ အဲဒီအချိန်တုန်းက မသောက်တက်သေးဘူးကွ ခုမှဘယ်နှယ့်”ဇိုး”သမားဖြစ်သွားမှန်းမသိပါဘူးကွာ ။
သူငယ်ချင်းရေ….ဒို့တွေ ယမားချောင်းထဲမှာ ရွှေကျင်ခဲ့တာလေးတွေကိုလည်း သတိရသေးတယ်ကွာ အဲဒီအထဲကမှ အမှတ်တရရှိတာလေး ပြောပြရဦးမယ် တစ်နေ့သားဟာ ငါရယ် သစ်လွင်နဲက ကျော်တင်ရယ်ပေါ့ အဲဒီတုန်းက ဒို့ဆရာ ကိုမြင့်မောင်ရယ်ပေါ့ ဒို့သုံးယောက်ကို ဇီးပဏီ လူလမ်းကူးအောက်နားက ခုနစ်ဆန် ရှစ်ဆန်(ရွှေပွင့်)ပါတဲ့ နေရာလေးမှာ မင်းတို့လောင်းနှင့်ကြ လို့ပြောပြီး အင်ဝိုင်းလေးလွယ် ဂေါ်လေးထမ်း ဆေးလိပ်တိုလေးနားကြားညှပ်ပြီး အောက်ထဲဆင်းသွားလိုက်တာ ပေါ်ကို မလာတော့ ငါတို့သုံးယောက်သားမှာ ”တာ”ကလည်း မလှတော့ မျှော်ရင်းမျှော်ရင်း ပေတေလောင်းနေလိုက်ကြရတာ နောက်တော့ မထူးပါဘူးကွာဆိုပြီး ရွေကြော နက်သမီး အမေစော မကြိုက်ဘူးဆိုတာတွေလည်း ပြောလို့ပြော အို…အဲဒီနေ့ကတော့ မယုက်သုတ်ခနဲ့ အကုန်လျှောက်ပြောပြစ် လိုက်ကြတာ စုံလို့စိလို့ကွာ နေလေးကလည်း အတန်မြင့်လာ ဗိုက်ကလေးတွေလည်းဆာလာတော့ ဆရာသမားပြန်အလာကိုစောင့်မနေကြပဲ ကိုယ့်ဖာသာကိုဖြုတ် သိမ်းလာခဲ့ကြတာ ဦးဗိုလ်မြင့် အိမ် ရွှေသွားရောင်းတော့ ခါတိုင်းလို ရွှေပုလင်းမမြင်တော့ စိန်ဗိုလ် က မေးတာပေါ့ ဒီတော့မှ မောင်ကျော်တင်က စပ်ဖြီးဖြီးမျက်နှာနဲ့ လက်သည်းကြား ရွှေဥကို ထုက်ပြတော့ စိန်ဗိုလ်ရော ငါတို့ပါ ၀ိုင်းရယ်လိုက်ကြရတာ အဲဒီနေ့က မမှတ်မိတော့ဘူးကွ ငါးကျပ်စီလား ခုနှစ်ကျပ်ခွဲစီလားမိသးဘူး ရတယ်ထင်ပါရဲ့…။
သူငယ်ချင်းရေ ရွာတကာက အလှူတွေမှာ မဏ္ဍပ်စမ်းခဲ့ကြရတာတွေကောမှက်မိသေးရဲ့လ်ား အဲဒီ အထဲတွေမှာ ဇီးပဏီရွာက အလှူတွေ မဏ္ဍပ်စမ်းခဲ့ကြရတာတွေကတော့ သတိအရ အမှတ်မိဆုံးဖြစ်မှာပေါ့ ဘာကြောင့်လည်းဆိုတော့ ဇီးပဏီရွာက အလှူတွေမှာ အလှူထမင်းသွားစားတိုင်း အပြန်ရောက်ရင် လေးဂွတစ်စင်းနဲ့ ဇီပဏီရွာက လူငယ်တစ်စုနဲ့ စစ်ခင်းခဲ့ကြရတယ်လေ…
ဘုရားပွဲရက်တွေမှာတော့ ဇီးပဏီကျောင်းကို ဆွမ်းသွားလောင်းကြပေမယ့် တို့ ကလေးတွေရန်မဖြစ်ကြဘူးနော် အဲဒီတုန်းက ဗြောက်လိပ်လေးတွေ ဆယ်လိပ်ပါတဲ့ အထုပ်တစ်ထုပ်ကို တစ်ကျပ်လောက်ရှိတယ် ထင်တယ် တို့ရွာသားတွေက အဲဒီဗြောက်လိပ်ကို မဖောက်ကြဘူး ဈေးကြီးတယ်လေ ။သစ်သားမီးခြစ်ဆံပုံးတွေဝယ် မီးခြစ်ဆံဂေါင်း(ယမ်း)တွေကို ခြွေ(ဆောက်)အိုးထဲထည့် ဆောက်တံကို အပေါ်က တင်ပြီး လက်ရိုက်တုတ်နဲ့ ရိုက်ပြီး ဖောက်လိုက်ကြတာ တို့ရွာသားတွေရဲ့ ဗြောက်က အသံ အကျယ်ဆုံးထင်တာဘဲ။ သူငယ်ချင်းရေ တို့တွေ ပိုက်ဆံစုပြီး အသံချဲ့စက် ငှါးခဲ့ကြတာကို လည်းမမေ့နိုင်ဘူးကွ တစ်ခါက “ဦးကံထွန်း“ စက်ကိုပျော်ပွဲ အဖြစ် သွားငှါးတော့ စက်သယ်စရာ နွားလှည်းအဆင်မပြေလို့ဆိုပြီး တို့တွေ ဘယ်ထရီးအိုးတွေကို ဆိုင်းထမ်း ထဲထည့် စက်ပုံးကြီးကိုတော့ ဟန်စိန် ကခေါင်းပေါ်ရွက်ချလာခဲ့တာလေ တို့တွေ သီချင်းဆိုကြမယ်ဆိုတော့ အလိုလိုနေရင်းသာ သီချင်းတွေ ရလိုက်ကြတာ တကယ့်တကယ် ဆိုတော့ဟေ့ ဆိုတော့ ဟုက်တိ ပတ်တိ ဆိုနိုင် ဆိုတက်ကြတာ သိပ်မရှိခဲ့ဘူးရယ် ။ ဇော်ဝင်း ဆို ဘလေးဦးထွန်းရီ အိမ်ရှေ့သလင်းပြင်ကိုတုပ်တစ်ချောင်းနဲ့ ဟိုခြစ် ဒီခြစ် လုပ်နေတာ ဇော်ဝင်း မင်းဘာလုပ်နေတာလည်းလို့မေးတော့ ဆိုဖို့ရာ သီချင်းစဉ်းစားနေတာတဲ့လေ…။
သူငယ်ချင်းရေ ဘ၀အတွက် ညထွက်ခဲ့ကြရတာတွေကိုတော့ ပြန်မပြောပြပါရစေနဲ့ တော့ ဒီစာတွေကိုဖက်ရှုး အဲဒီအကြောင်းတွေပါ မင်းတို့လည်း သတိရကြမှာပါ ….။သူငယ်ချင်းရေ အာဝါဒေး ဆိုတာနဲ့ ဒို့တွေ ငယ်ငယ်က ပွဲကြည့်ခဲ့ရတာတွေ ဂျင် ထိုးခဲ့တာတွေ ဖဲရိုက်ခဲ့ကြတာတွေ ဂလုံးဂလုံးဆိုတဲ့ ခြောက်ကောင်ထိုးခဲ့ကြတာတွေ ကို မှက်မိကြရော့ပေါ့ အလောင်းကစားနဲ့ ပတ်သက်တဲ့ ဒီနေရာမှာ တော့
“သစ်လွင်“ တို့က တော့နံပါတ်တစ်ပဲကွ လေးကောင်ဂျင်ထိုးရတာ ၀ါသနာပါသလို ဖဲရိုက်ရာမှာလည်း သစ်လွင်တို့က အဲဒီကတည်းက ကျင်လည်ပြီးသား ဟေ (ခြောက်ကောင်) ဂလုံး ဂလုံး ကျပြန်တော့လည်း ချလိုက်ပြန်ရော မြင်ယောင်မိသေးတယ် တနေ့မှာ သစ်လွင်ရယ်လေ သိတယ်မို့လား ကွမ်းယာတို့ ဆေးလိပ်တို့ဆိုတာကို ဖဲဒိုင်တို့ ဂျင်ဒိုင်တို့က ထိုးသားတွေကို အလျှံပယ်ကျွေးနေ တိုက်နေတာဆိုတော့ သစ်လွင်ဆိုတာ ခြောက်ကောင်ခုံရှေ့တည့်တည့်မှာ တင်ပလ္လင်ခွေကြီးထိုင် ။ လျှာထိုးဦးထုပ်လေးပြောင်းပြန်ဆောင်း ၊ ပိုက်ဆံလေး ကားစပယ်ယာကိုင်သလို လက်ကြားညှပ် ကွမ်းလေးတမြုပ်မြုပ် ဆေးလိပ်ကလေးတဖွါဖွါနဲ့ ဒီဒိုင်မှာ အချိန်နည်းနည်းကြာလာတာနဲ့ ပါလာတဲ့ပိုက်ဆံပြောင်သွားရင် ကျုပ်ပြောင်ပြီဆိုပြီး ဒိုင်ဆီက မုန့်ဖိုးပြန်တောင်း နောက် တစ်ဒိုင်ပြောင်းပြီး (စောစောက)အရင်ဒိုင်ဆီက ရခဲ့တဲ့မုန့်ဖိုးလေးနဲ့ ထပ်ပြီးကံစမ်းနဲ့ အလုပ်ကိုဖြစ်လို့ သစ်လွင်ကတော့ အဲဒီကတည်းက လိုင်းစုံခဲ့တယ်မှတ်တာပဲကွာ ခုတော့ဖြင့် ဒီကောင်ကြီး အိမ်ထောင်ကျ သားသမီးတွေ ရနေပြီဆိုတော့ မကောင်းတဲ့ အဲဒီဘက် သိပ်မလိုက်တော့ဘူးလို့တော့ထင်ပါရဲ့….။
သူငယ်ချင်းရေ “စာဂျစ်ကောင်“ ငှက် ထောင်ခဲ့ရတာတွေကို သတိရမိသလို “ပျား“ရှာခဲ့ကြရတာတွေကိုလည်း သတိရမိသေးပါရဲ့ တောထဲတောင်ထဲ ခြေတိုအောင် လျှောက်သွားရပေမယ့် ငါကတော့ တော်တော်ပျော်ခဲ့တယ်ကွာ ဘာလို့လည်းဆိုတော့ ထန်းရေချိုတို့ ထန်းလျှက်တို့ကို အ၀အပြဲ သောက်ရ စားရလို့ပါ သူငယ်ချင်းရာ …။
သူငယ်ချင်းရေ….“လိပ်“ ဈေးတွေ ကောင်းစဉ်အခါတုန်းက “ပြောင်းပြာ၊လက်လှုတ်“ ပုလဲမြို့နယ်ဘက်မှာ လိပ်တွေပေါတယ်ဆိုလို့ လိပ်တိုက် (ဖမ်း)သွားခဲ့ကြတာ လိပ်မရတဲ့အပြင် ၊ အပြန်ခရီးလမ်းမှာ (သစ်)ကားကြီးတစ်စီးကြုံလို့ စီးလိုက်လာခဲ့ကြရတာ ပါသမျှပိုက်ဆံလေးတွေတောင်ပြောင်ခဲ့ကြရတယ်နော် ။
သူငယ်ချင်းရေ …မင်းတို့ ငါတို့ ဖြတ်သန်းခဲ့ကြရတဲ ငယ်ဘ၀တွေကဟာ မကောင်းခဲ့ကြပါဘူး…ကိုယ့်ပေါင်ကို လှန်ထောင်းသလိုဖြစ်တဲ့ ၊ ကိုယ့်တို့ မကောင်းခဲ့ကြတဲ့ ဒီအကြောင်းတွေ ကိုယ်ဘာကြောင့် ရေးလိုက်ရသလဲဆိုတာ ဒီအချိန်မှာ မင်းတို့လည်းစဉ်းစားမိကြမယ်ထင်ပါရဲ့ မင်းတို့ ငါတို့ ငယ်ဘ၀တွေ မကောင်းခဲ့ကြရတာဟာ မရှိဆင်းရဲမှုချည်း သက်သက်ကြောင့်တော့ မဟုက်ဘူး သူငယ်ချင်းရေ…။ ကုသိုလ် အကုသိုလ် အမှားနဲ့ အမှန်မကောင်းမှုနဲ့ ကောင်မှု တရားနဲ့ မတရား ဆိုတဲ့ ဆန့်ကျင်ဘက်နှစ်ခုကို မှန်ကန်ရာကို ရွေးခြယ်ပြီး မသုံးသပ် မကျင့်ဆောင် မလိုက်နာနိုင်ခဲ့ကြလို့ပဲ သူငယ်ချင်း…။ အဲဒီလို မှန်ကန်မှုကိုရွေးခြယ်ပြီး လုပ်ကိုင်နိုင်ဖို့ အတွက်က စာပေတက်ဖို့ အဓိကလိုအပ်ချက်တစ်ခုဖြစ်တယ် သူငယ်ချင်း ခုဆို မင်းတို့ တစ်တွေလည်း အိမ်ထောင်တွေကျလို့ သားတွေ သမီးတွေရနေပြီဆိုတော့ တို့ ကျေးရွာအတွက် မျိုးဆက်သစ်ကလေးတွေဖြစ်တဲ့ မင်းတို့ရဲ့ သားငယ် သမီးငယ်လေးတွေရဲ့ အနာဂါတ် ဘ၀လှပအောင် စာသင်ပေးကြပါလို့။ ဆိုးရွားလှတဲ့ မင်းတို့ ငါတို့ရဲ့ ငယ်ဘ၀တွေကိုနမူနာပြပြီးတော့ လူငယ်တွေကို ဆုံးမပေးကြပါ ငါတို့ရွာရဲ့ အနာဂါတ်မျိုးဆက်သစ် လူငယ်လေးတွေကို ငါတို့လို လူဝင်မဆန့်တဲ့သူတွေ မဖြစ်စေချင်ဘူး ငါတို့လို လူမိုက်တွေ မဖြစ်စေချင်ဘူး ငါတို့လို လူနုံ လူအ တွေ မဖြစ်စေချင်ဘူး ဒါကြောင့်မို့ သူငယ်ချင်းရေ…။ငါတို့ရွာက မင်းတို့ရဲ့သားတွေ သမီးတွေကို လူဝင်ဆန့်တဲ့သူတွေဖြစ်အောင် လူလိမ္မာလေးတွေဖြစ်အောင် ထက်မြတ်တဲ့ လူချွန်လူကောင်းလေးတွေဖြစ်အောင် စာသင်ပေးကြပါလို့ တောင်းဆိုရင်း သူငယ်ချင်းထံ ပေးစာကို ဒီနေရာမှာ ခဏ နားပါရစေ သူငယ်ချင်းရေ………….
ရေးသားစီကုံးသူ ။ ။ ကိုဇော်လွင် (R.B.B) မန္တလေး……။

ရင်တွင်းဆန္ဒ



ကျနော့်ရွာက “သပြေပင်“။ သပြေပင်ရွာဆိုတာ မကွေးတိုင်း မြိုင်မြို့နယ်ရဲ့ မြောက်ဖျားက ဘန့်ဘိုးအုပ်စု အတွင်းက ရွာလေးတစ်ရွာပါ ။ ရွာကလေးဆိုမှ တကယ့်ကို ရွာငယ်ကလေးပါ ကျနော့်တို့ သပြေပင်ရွာကလေးရဲ့ လေးမျက်နှာဘေးပတ်ဝန်းကျင်မှာတော့ ရွာကြီးတွေ ချည်းပါပဲ အဲဒီရွာကြီးတွေထဲက ကျနော်တို့ရဲ့ အရှေ့မြောက်ဘက်၊ ဓါးလွယ်ခုတ်အနေအထားမှာရှိတဲ့ “ဇီးပဏီ“ဆိုတဲ့ ရွာမှာတော့ ကျနော်နဲ့ ခင်မင်တဲ့ သူငယ်ချင်း အပေါင်းသင်းတွေ တော်တော်လေးများတယ် လူပျိုပေါက်စန အရွယ်ဆိုတော့ သူငယ်ချင်းတွေရှိတဲ့ ရွာကို ခဏခဏ သွားလည်ဖြစ်သလို မကြာခဏဆိုသလို လာလည်လေ့ရှိကြပါတယ် အဲသလို သူတို့တစ်တွေ ကျနော်တို့အိမ်ကိုလာလည်တဲ့အခါတိုင်း ၊ကြာကြာထိုင်ပြီးစကားပြောတယ်ဆိုတာ သိပ်မရှိလှပါဘူး။ ဘာကြောင့်လည်းဆိုတော့ အိမ်မှာကလူကြီးမိဘ ညီကို မောင်နှမတွေနဲ့ဆိုတော့ စိတ်ကျဉ်းကြပ်မှာစိုးတာရယ် လူငယ်တွေဆိုတော့လူကြီးတွေကြားမှာ စကားတွေပြောမှား ဆိုမှားဖြစ်မှာစိုးတာရယ် ကြောင့်ပါ ။ဒါကြောင့်မို့လူငယ်ကာလသား လူပျိုပေါက်စနတွေ လွတ်လွတ်လပ်လပ် ပျော်နိုင်ပါးနိုင်မယ့် ထန်းတောမှာပဲ ထန်းရေသောက်ရင်းအချိန်ကုန်ခဲ့ကြတာများပါတယ်။
ကျနော် သူတို့ရွာကို သွားလည်တဲ့အခါမှာလည်း ထို့အတူပါပဲ အိမ်မှာကြာကြာမထိုင်ဖြစ်ပါဘူး သူငယ်ချင်းတွေစု ထန်းရည်ဆိုင်မှာထိုင် သူ့ဆီရောက်သောက် ကိုယ့်ဆီလာသောက် ဒီလိုနဲ့ ထန်းရေသမားလေးတွေဖြစ်မှန်းမသိဖြစ်နေပါတယ် ။ ဒါပေမယ့် ထန်းရေကို စွဲလန်းပြီး အကြိုက်ကြီးကြိုက်လို့ သောက်နေကြတာတော့ မဟုတ်ပါဘူး။ အိမ်မှာ လူပိုတစ်ယောက်လိုဖြစ်နေတဲ့ ငယ်ရွယ်သူတွေဆိုတော့ အားလပ်တဲ့အချိန်တိုင်း သူငယ်ချင်းတွေကို ခင်မင်လို့ တမင်တကာဆုံဖြစ်ကြတာပါ တခြားဘာရည်ရွယ်ချက်မှတော့မရှိပါဘူး၊ ရည်ရွယ်ချက်မရှိသလို သောက်လို့မူးတဲ့အခါတိုင်းလည်း ပတ်ဝင်းကျင်ကို အနှောက်ယှက်ဖြစ်စေမဲ့ အပြုမူမျိုးတွေကိုလည်း၊ မပြုလုပ်ခဲ့ကြပါဘူး။ဒါတွေကတော့ ကျနော်တို့ အရွယ် ဆယ်ကျော်သက် လူပျိုပေါက်စ အချိန်အရွယ်က အကြောင်းတွေရယ်ပါ။
အခုတော့ဖြင့်“တွံတေးသိန်းတန်”ရဲ့ အသီးတစ်ရာ အညှာတစ်ခုဆိုတဲ့ သီချင်းလေးထဲက ”တ၀မ်းတခါးအတွက်မို့ …တလမ်းဆီသွားခဲ့ကြပေ…ဟေ့.. သူငယ်ချင်းရေ….”ဆိုသလိုပါပဲ။ အသက်တွေကြီးလာကြပြီ လောကအလယ်မှာ ကိုယ့်ဘ၀အတွက် ကိုယ်ကိုတိုင် ဖန်တီးပြီး တည်ဆောက် ရတော့မဲ့အရွယ်မှာတော့ ငယ်ငယ်က ခင်မင်ခဲ့တဲ့ ငယ်သူချင်းတွေနဲ့ ဝေးကွာခဲ့ကြရတာ တော်တော်ကြာခဲ့ပါပြီ ခုဆိုကျနော်က မန္တလေးမြို့မှာ တချို့သူငယ်ချင်းတွေလည်း အခြားသောနေရာ ဒေသတွေမှာ ရောက်ကုန်ကြပါတယ် ဘ၀ပေးအခြေနေတွေကြောင့် တရပ်တကျေးမှာ ဝေးကွာနေခဲ့ရပေမဲ့ ငယ်ကပေါင်းခဲ့ကြတဲ့ သူငယ်ချင်းတွေကို မမေ့နိုင်ပါဘူး။ လူချင်းမတွေ့ကြရပေမဲ့ ကိုယ့်အရပ်ကလာတဲ့လူတိုင်းကို ရွာက သူငယ်ချင်းတွေအကြောင်းကိုမေးဖြစ်ပါတယ် ”၀င်းဇော်”ဆိုတာ ဇီးပဏီရွာက ကျနော်ခင်မင်ရတဲ့ သူငယ်ချင်းတွေထဲမှာ တယောက်ပါဝင်ပါ ဒီကောင်ကြီးနဲ့ကတော့ မကြာ မကြာ တွေ့ဆုံဖြစ်ပါတယ် အရင်ကတော့ သူလည်းဘဲ မန္တလေးမှာပါ ခုတော့ အိမ်ထောင်ကျပြီး မြောင်မြို့ စက်မှုလယ်ယာဦးစီးဌာန မှာ တာဝန်ထမ်းဆောင်နေတာဆိုတော့ မန္တလေးမြို့မှာ နေတုန်းကလိုတော့ ခဏခဏ မတွေ့ဖြစ်ကြတော့ပါဘူး တစ်နှစ်တခေါက် ရွာကိုအလည်ပြန်တဲ့ အခါတိုင်းမှာ ကျနော့သူငယ်ချင်းတွေနဲ့တော့ မဆုံဖြစ်ကြတော့ပါဘူး ဘာကြောင့်လည်းဆိုတော့ ကျနော်ရွာရောက်အခါမှာ ကျနော့သူငယ်ချင်းတွေက ”အထမ်း”ထွက်နေတာနဲ့ဆုံလို့ပါ အထမ်း ထွက်တယ်ဆိုတာ အလုပ်သွားတာကိုပြောတာပါ သူတို့အလုပ်က ဒီလိုဗျ မုံရွာမြို့ကို တက်ပြီး ၀န်ပေါ့တဲ့ ဒန်အိုး ဒန်ခွက်တို့ ကြာရှည်အထားခံတဲ့ မုန့်ခြောက်တို့ကိုဝယ် အဲဒါတွေကိုသယ်ပြီး ဝေးသီခေါင်ဖားတဲ့ တောင်ပေါ်ဒေသတွေကိုသွားပြီး ဒေသထွက်ကုန်ပစ္စည်း များနဲ့ အလဲ အထပ်လည်းလုပ်တယ် ကိုယ့်ကုန်ပစ္စည်း သက်သက်ကိုလည်းရောင်း ငွေလက်ငင်းနဲ့လည်းရောင်းတော့ ကျနော့ သူငယ်ချင်းများအတွက် ဒီ အထမ်း လုပ်ငန်းဟာ ငယ်ပယ်ဒေသ အနှံ့ရောက်ရပြီး လူမျိုးပေါင်းစုံနှင့် ဆက်ဆံ ရောင်းဝယ်ဖောက်ကားလုပ်ရတာဖြစ်တော့ ဒေသန္တရ ဗဟုသူတလည်းရသလို လူမှုဆက်ဆံရေးမှာလည်း အသိ အမြင် အတွေး အခေါ်တွေ တိုးတက်ကျယ်ပြန့်လာကြပါတယ် နောက်ပြီး ဒီလုပ်ငန်းဟာ သူတို့အတွက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုလည်းဖြစ်နေတော့ သူတို့ကြိုးစားသလောက် အကျိုးအမြတ်တွေကရ နေလေတော့ အလုပ်ကိုတော်တော်ပဲ ကြိုးစားလုပ်ကိုကြပါတယ် ဒါပေမယ့် ကျနော့သူငယ်ချင်းတွေထဲက ”နိုင်လင်း“၊ ”မင်းလွင်”၊သစ်လွင်” တို့ သုံးယောက်ရဲ့ အခြေနေကတော့ စိတ်မကောင်းစရာပါ စိတ်မကောင်းစရာဆိုတာ အခြားတော့မဟုတ်ပါဘူး ကျနော်တို့သူငယ်ချင်းတွေ ဘာစိတ်ကူးမှမရှိဘဲနဲ့ အပျော်အပျက်အနေနဲ့သောက်ခဲ့ကြတဲ့ ထန်းရေ ဒီထန်းရေ အရက်ဟာ ငယ်ရွယ်စဉ်လွတ်လပ်တဲ့အချိန်တုန်းက လူငယ်သဘာဝဆိုတဲ့အကြောင်းပြချက်နဲ့ သောက်ခဲ့စဉ်ကဆိုးကျိုး တွေကို ထည့်တွက်မစဉ်းစားနိုင်ခဲ့ပေမယ့် အသက်အရွယ်ကြီးပြင်းလာပြီး ခုလိုကိုယ့်ဘ၀ကိုယ်လမ်းကိုလျှောက် ကိုယ့်မိသားစုရဲ့ တာဝန်တွေကို ကိုယ်ကိုယ်တိုင်ထမ်းရွက်ရတော့မယ့်အရွယ်မှာတော့ ဒီထန်းရည်အရက်ဆိုတဲ့ အရာတွေနဲ့ မပျော်သင့် မသောက်သင့်တော့ပါဘူး။ စောနက ကျနော်ပြောခဲ့တဲ့ ကျနော့သူငယ်ချင်းသုံးယောက် ရဲ့ စိတ်မကောင်းစရာဆိုတာဟာ အဲဒီသူငယ်ချင်းသုံးယောက်ဟာ ထန်းရည်အရက်ကို အမြဲလိုလို (နေ့တိုင်း)သောက်နေကြတယ်ဆိုတဲ့အကြောင်းကြားသိခဲ့ရလို့ပါ တခု တော်သေားတာက အဲဒီသူငယ်ချင်းသုံးယောက်လုံးဟာ အရက်ရဲ့ကျေးကျွန်တွေဖြစ်နေတဲ့အထိတော့ မရောက်သေး မဖြစ်သေးပါဘူး ဒီတော့ သူတို့တတွေဟာပြုပြင်လို့ရနိုင်ပါသေးတယ်၊ ဒီနေရာမှာ အရက်ရဲ့ဆိုးကျိုးတွေကို ကျနော်မပြောလိုတော့ပါဘူး ဘာကြောင့်လည်းဆိုတော့ ကျနော်တို့တတွေဟာ မြတ်စွာဘုရားရဲ့ အဆုံးအမကို ခံယူနေကြတဲ့ ဗုဒဘာသာမြန်မာလူမျိုးတွေဆိုတော့က အရက်ရဲ့ဆိုးပြစ်တွေကို လူတိုင်းလိုလိုသိထားပြီးဖြစ်ပါ လိမ့်မယ် ဒါပေမယ့် မျိုးဆက်သက်လူငယ်လေးတွေကိုတော့ ကျနော်တို့ ငယ်ငယ်ကလို မသောက်ကြစေချင်ပါဘူး အပေါင်းသင်းသူငယ်ချင်းတွေကို ထန်းရည်အရက်နဲ့ ဧည့်ခံလည်းဘဲ သူငယ်ချင်းတွေက လက်ခံမှာပါ အပေါင်းသင်းတွေနဲ့ ၀ိုင်းဖွဲ့ပြီး ထန်းရည် အရက်သောက်နေမဲ့အစား ဂီတအကြောင်း စာပေအကြောင်း တခြားကိုယ်ဝါသနာပါတဲ့ အနုပညာအကြောင်း ဘာသာရေး လူမျိုးရေး အသိပညာ စတဲ့ ဥာဏ်ပညာပါတဲ့ အကြောင်းအရာကို ၀ိုင်းဖွဲ့ပြီး အသိချင်းဖလှယ် ဆွေးနွေးကြမယ်ဆိုရင် ပျော်စရာလည်းကောင်း အသိမြင် အတွေးခေါ်တွေလည်း ပိုတိုးလာလို့ အားလုံးလိုလို အကျိုးရှိရှိနဲ့ အချိန်တွေကုန်ဆုံးသွားနိုင်ပါတယ် လမ်းမှန်ကိုရွေးချယ်နိုင်ဖို့ လူငယ်တွေဘ၀မှာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ လူတွေကို ဖျက်ဆီးမဲ့ အကျိုးယုတ်စေမယ့် သေရည်သေရက်(ထန်းရည်)ကို အကျင့်လုပ်ပြီး လူငယ်လေးတွေ မစမ်းသပ်၊ မသောက်သုံးကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ် လူငယ်တွေဟာ အနာဂတ်အတွက်အရေးကြီး အရေးပါမယ့် ပုဂ္ဂိုလ်လေးတွေဖြစ်လာနိုင်ပါတယ် ဒီလိုဖြစ်ဖို့ရာအတွက် အကျင့်စရိုက်ကောင်းတွေ ကိန်းအောင်းနေဖို့ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိအမြင် အတွေးအခေါ်တွေရှိနေဖို့ စတဲ့ သူတော်ကောင်းတရားတွေနဲ့ပြည့်စုံဖို့အတွက် ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းက အသိပညာ အတက်ပညာတို့ကို ဆည်းပူးရင်း စာရိတ္တကောင်းမွန်အောင် ကျင့်ကြံနေထိုင်သွားနိုင်ဖို့လိုပါတယ် လူငယ်တိုင်းဟာ စာရိတ္တရဲ့ တန်ဖိုးကို သိမြင်ပြီး စာရိတ္တကို တန်ဖိုးထား မြတ်နိုးကာ စာရိတ္တကောင်းခြင်းဂုဏ်နဲ့ပြည့်စုံအောင်ကြိုးစားဆောင်ရွက်နေထိုင်သွားကြရပါလိမ့်မယ် ဒီလိုအသိတရားတွေ ရနိုင်ဖို့ ရှိနိုင်ဖို့ အတွက်ဆိုတာလည်း လူကြီးသူမ ဆရာသမားကောင်းတို့ ပညာရှိသူတော်ကောင်းတို့ရဲ့ ဆုံးမသွန်သင်ညွန်ကြားမှုတွေကို ယိုကျိုးစွာနာခံလိုက်နာဖို့နဲ့ မြတ်ဗုဒ္ဒရဲ့ တရားတော်ကို နာယူကျင့်ကြံမှုတို့ကိုလည်း ပြုလုပ်ကြဖို့လိုပါတယ် ဒါ့ပြင် အထွေထွေဗဟုသုတတွေ ရရှိဖို့ကိုလည်း စာအုပ်စာပေတွေကိုလည်း ဖက်ရှု့လေ့လာဖို့လည်းလိုပါလိမ့်မယ် လူ့ဘ၀ဆိုတာ အင်မတန်ရခဲလှပါတယ် ဒီလိုရခဲလှတဲ့လူ့ဘ၀မှာ သူတော်ကောင်းတရားတွေကို လက်ကိုင်ထားပြီး မိသားတစ်စုအတွက် ကိုယ့်ပတ်ဝန်းကျင် ကိုယ်နေထိုင်ရာ ကိုယ့်ရပ်ရွာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် အားကိုးအားထားပြုနိုင်မယ့် လူတော်လူကောင်းလေးတွေဖြစ်လာအောင်ကြိုးစားကြပါ။
အနည်းဆုံး မိသားစုအတွက် ကိုယ့်ရပ်ရွာအတွက် ကိုယ့်နိုင်ငံအတွက်ကောင်းကျိုးတွေ မဆောင်ရွက်ပေးနိုင်ရင်တောင်မှ အကျိုးယုတ်စေမယ့် စိတ်ထားတွေ မမွေးဖွါးမိကြပါစေနဲ့လို့ ဆန္ဒပြုရင်း…။
သပြေပင်ကျေးရွာမှ ညီငယ် ညီမငယ်များ မိသားစုအတွက် ကျေးရွာအတွက် တိုင်းပြည်အတွက် အားကိုးအားထားပြုလောက်တဲ့ လူတော် လူကောင်းလေးတွေ ဖြစ်နိုင်ကြပါစေ…..။
ရေးသားစီကုံးသူ ။ ။ ကိုဇော်လွင် (R.B.B) မန္တလေး……။

မျှော်ရပါကြောင်း မေမေ ယမားချောင်း

နိုင်ငံတော် အစိုးရမှ အများပြည်သူ အကျိုးများရန်ဆိုသောရည်ရွယ် ချက်ဖြင့် ကျနော်တို့ မြန်မာနိုင်ငံတွင် တည်ရှိနေသော မြစ်တွေထဲက ဧရာဝတီ ဆိုသော မြစ်ကြီး ကို အထက်မြစ်ဆုံကနေ တရုတ်နိုင်ငံမှ ရောကာ တာ ပြုလုပ်ရန်ဆိုသော စီမံကိန်းကြီး အကောင်ထည်မပေါ်ပဲ စီမံကိန်းကြီး ဖျက်သိမ်းသွားပါပြီ။ “၀မ်းသာစရာပေါ့“ ဒါဟာ အကျိုးတရားထက် အဆိုးတရား ဖြစ်မယ့် ဆုံးရှုံးမှုတွေပိုများလိမ့်မယ်ဆိုတဲ့ မြန်မာနိုင်ငံမှ အသိပညာ အတက်ပညာရှင်တွေရဲ့ သုံးသပ်ချက်ရရှိမှုကြောင့်လို့ပဲ ထင်ပါတယ်။ ခုလိုမျိုး အဖက်ဖက်မှ ပညာရှင်များရဲ့ အကျိုးတရားတွေဟာ သူတို့ပြောသလို ကျနော်တို့နိုင်ငံအတွက် အသက်သွေးကြောသဖွယ် တန်ဖိုးရှိလှတယ်ဆိုတာ ကို ပိုပြီး ထင်သာမြင်သာရှိလာပါတော့တယ် စာပေ ဂီတ အနုပညာရှင်များရဲ့ ဧရာဝတီ မြစ်ကြီးကို ကဗျာ ဖွဲ့ စာတွေနွဲ့ပြီး အမျိုးမျိုး တင်စားထားတာတွေကိုတော့ သိခဲ့ ကြားခဲ့ဖူးတာ ကြာခဲ့ပါပြီ ။
ဒီနေရာမှာ ကျနော်ပြောလိုတာက ကျနော်တို့ ရွာနဲ့ ကျနော်တို့ရွာရဲ့ မြောက်ဘက်မှာ ကပ်လျှက် ရှိတဲ့ ယမားချောင်းကလေး အကြောင်းရယ်ပါ။ ဒီချောင်းကလေးမှာ ယမားချောင်း ဆိုတာကလွဲလို့
အခြား အမည်နာမ မရှိခဲ့သေးပါဘူး ကျနော်တို့ကတော့ ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများရဲ့ ကိုယ်စား အဲဒီယမားချောင်းကလေးကို အမည် ပေးလိုက်ပြီ…“ချောင်းမေမေ“ လို့…..။ဒီချောင်းလေး စီးဆင်းလာရာတစ်လျှောက်က ဘေးပတ်ပန်းကျင် ကျေးရွာတွေကိုတော့ ဘယ်လို အကျိုးတရားတွေ ၊ အဆိုးတရားတွေ ရှိနေမယ် ရှိခဲ့မယ် ဆိုတာကို မသိပေမယ့် ကျနော်တို့ သပြေပင် ဆိုတဲ့ ရွာကလေး အတွင်းက ရွာသူ ရွာသားများ အတွက်ကတော့ဖြင့် ဒီချောင်းကလေးဟာ အင်မတန် ကျေးဇူးတရားကြီးမားခဲ့ပါတယ် အဓိက ကတော့ ကျနော်တို့ သပြေပင် တစ်ရွာလုံး ရွှေကျင်လုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းကြရတယ် ။နွေအခါမှာဆို “ဖောက်သာ“လိုက်ကြတယ် ၊ ဖောက်သာ ဆိုတာလည်း ရွှေကျင်တာပါပဲ နွေအခါဆိုတော့ ချောင်းပြင်မှာရေစီးမရှိတော့သလို သဲပြင်ရဲ့အောက် သုံးလေးပေလောက်အထိမှာ ရှိနေတဲ့ ရွှေ ကြော ရွှေရှိတက်တဲ့ သဲပြင် အထိရောက်အောင် အပေါ်ကသဲ တွေကို “ဂေါ်”နဲ့ ဖယ်ရှားပြီး ရွှေပွင့်ကလေးများရှိတဲ့ သဲတွေကိုကျင်ယူရတဲ့ အတွက် အဲဒီလို နွေရာသီမှာတော့ လူလည်းပိုပင်ပမ်းတယ် သဲအပိုတွေကို တော်တော်များများ ဖယ်ရှားပြီး မှ လုပ်ရတဲ့ အတွက် အလုပ်လည်း သိပ်မတွင်ကျယ်လှဘူး သဘောကတော့ နွေရာသီမှာ ရွှေကျင်ရတာ မိုးရာသီထက်စာရင် လူပိုပင်ပမ်းတယ် ရွှေလည်း အရနည်းတယ်ပေါ့ ။ မိုးရာသီမှာကတော့ ချောင်းပြင်ကြီးဟာ ရေတွေ တသွင်သွင်စီးဆင်းနေတော့ ရွှေနေတက်တဲ့နေရာတွေမှာ “သဲ“ အပိုတွေဟာ ဖုံးလွှမ်းမှုသိပ်မရှိလှဘူး ချောင်း အညှာမှာ (အထက်ပိုင်းမှာ)မိုးတွေညှို့နေရင် ကျနော်တို့ တစ်တွေ သိပ်ပျော်တယ် ။ ဘာလို့လည်းဆိုတော့ အထက်ချောင်းအညှာမှာ ( အထက်ပိုင်းမှာ ) မိုးတွေ အရမ်းရွာရင် ချောင်းရေကြီးတယ် ချောင်းရေကြီးတော့ ချောင်းရေစီးက တိုက်စားလာတဲ့ (ရွှေတွေကိုဖုံးနေတဲ့ ) မြေလွှာတွေ သဲသောင်တွေ မရှိရင် ရွှေမှုံတွေပေါ်လာတယ်ပေါ့ ရွေ့လျားလာတဲ့ ရွှေတွေကို လုပ်သားများ ဖြစ်တဲ့ ကျနော်တို့တွေ အတွက် “ရွှေသာ“ (လုပ်ကွက် နေရာ )ရှာရတာလွယ်ကူသလို ရေစီးထဲမှာ လုပ်ရတဲ့ အတွက် အလုပ်လည်း ပိုတွင်ကျယ်တယ် ရွှေလည်းပိုရလာတယ် ဒီနေရာမှာ ကျနော်တို့ ရွှေကျင်ရပုံလေးကို မသိသေးတဲ့ သူတွေကိုရည်ရွယ်ပြီး ဗဟုသုတ အဖြစ် အနည်းအကျဉ်း ပြောပြချင်ပါတယ်။
ရွှေကျင်ရာမှာ အနည်းဆုံး နှစ်ယောက်မှ အများဆုံးငါးယောက်လောက်အထိ စုပေါင်းကျင်ကြတယ် ။ အဲသလို အစုအဖွဲတစ်ဖွဲကို “တစ်ဆိုင်း“လို့လည်းခေါ်ဝေါ်လေ့ရှိကြတယ် ။တစ်ဖွဲ “တစ်ဆိုင်း“ မှာ ခေါင်းဆောင် ဆရာ ဆိုတာ ကတစ်ယောက် ရှိရတယ် သူကတော့ ရွှေတာ လုပ်ကွက် ရှာတဲ့သူပေါ့ အဲဒီလိုရွှေ တာရှာရမှာ ယနေ့တစ်နေ့စာ အပြင် နောက်တစ်နေ့ အတွက ရောက်ရောက်ချင်း သူ့ အဖွဲ့သားတွေ လုပ်ကွက်ကလေး နည်းနည်း ကျန်ရစ်ရုံဆိုရပါပြီ အဲဒီလုပ်ကွက်လက်စလေးကို လုပ်နေတုန်းမှာ ဆရာဖြစ်သူဟာ ဒီကနေ့ တစ်ရက်စာနဲ့ နောက်တနေ့လုပ်လက်စလေးကျန်ရှိနေဖို့ ရွှေတာ အစမ်း( လုပ်ကွက)် အရှာထွက်ရပြန်ပါတယ် ။ ရွှေတာ စမ်းရာမှာ အင်ဝိုင်းတစ်ချပ်နဲ့ ဂေါ် တလတ်ကို အသုံးပြုရပါတယ် ။ ဂေါ် ဆိုတာကို မြင်လွယ်အောင် ပြောရမယ်ဆိုရင် ကျနော်တို့ စားအုံးဆီထည့်တဲ့ ပုံးကို အပေါ်ပိုင်း အပိတ်ကို တပြင်လုံး ဖြက်ပစ်လိုက် ဖြက်ပစ်လိုက်တော့ လေးထောင့်ခွက်ကို အဖုံး မပိတ်ပဲ ထောင်ထားသလိုလေး ဖြစ်နေလိမ့်မယ် အဲဒါကို အလယ်က ထပ်ခြစ်ခွဲကြည့်လိုက် ခြမ်းပြီးသွားရင် အဲဒီ အခြမ်းနှစ်ခြမ်းကိုကြည့်လိုက် နှစ်ခြမ်းလုံးမှာ တစ်ဖက်က ဖင်အပိတ်နဲ့ တဖက်က အပိတ်မပါဘူး နောက်တနည်းပြောရရင် အဲဒီ အနေအထားဟာ ကျနေတ်ာတို့ အမှိုက်ကော်တဲ့ ဂေါ် နဲ့ ခတ်ဆင်ဆင်ဖြစ်သွားပြီ အဲဒီ အနေအထားကိုမှ နောက်က အပိတ်ဖက်မှာ လက်ကိုင်ရိုးတက် ၊ အပွင့်ဖက်အဖျားမှာတော့ ဟိုက်ဘက်ဒီဘက် အပေါက်ဖောက်ပြီး လက်ကိုင်သံကိုင်းတက် ၊ မြင်လွယ်အောင် သာ စားအုန်းဆီ သံပုံးကို ပြောရတာ တကယ်တော့ ရွှေကျင်ရာမှာ သုံးတဲ့ ဂေါ်က အများအားဖြင့် “ပီပါ“သံပြားတွေကို ချိုး “ပုံဖော်“ ကိုင်ကြရတာရယ် ။ နောက် အင်ဝိုင်းဆိုတာ ကတော့ နှစ်ပေစလောင်းနဲ့ ခတ်ဆင်ဆင်ပါ ကွာခြားတာက အင်ဝိုင်းက သစ်သားနဲ့ ထွင်းပြီး ဇောက်နက်နက်ကလေးရယ် အဲဒါကို အတွင်းပိုင်းမျက်နှာမြင်တပြင်လုံး သင်္ဘောဆေးအနက်သုပ်ထားတယ်။ ရွှေတာ ရှာသူဟာ ကျနော်စောစောကပြောတဲ့ ဂေါ်လေးတလက်နဲ့ ရွှေရှိမယ်ထင်တဲ့နေရာကသဲတွေကိုကော် အင်ဝိုင်းထဲကိုထည့် ရေအောက်ကို အင်ဝိုင်းနစ်တယ်ဆိုယုံလေး နှစ်ပြီးစကောဝိုင်းသလိုဝိုင်း နှစ်ပတ်သုံးပတ် လောက် ၀ိုင်း နောက်ပြီးလက်တဖတ်က အပေါ်မျက်နှာပြင်ပေါ်ကသဲတွေကို လက်ကလေးနဲ့ယက် အဲသလိုဝိုင်းလိုက် ယပ်လိုက် တဖြေးဖြေးနဲ့သဲကြမ်းတွေကုန်းနောက်ဆုံးမှာ အင်ဝိုင်းရဲ့ချက်(အလယ်ခေါင်)မှာ သံနှစ်(အမဲရောင်)နဲ့ (ရွှေရှိလျှင်)ရွှေပွင့်ကလေးတွေပဲကျန်ခဲ့တော့တယ် ရွှေပွင့်လေးတွေကတော့ သဲပွင့်အရွယ် စား ပမာဏရှိပြီး အရောင်အဆင်းကတော့သူ့ပင်ကိုယ်အရောင်ပါပဲ ရွှေပွင့်အရေအတွက်ပါနှုန်း အပေါ်ကြည့်ပြီး တာစမ်းသူဟာ နေ့ထွက် ကိုက်မကိုက်ခန့်မှန်းပြီး လုပ်သင့် မလုပ်သင့်ကိုဆုံးဖြတ်ရွေးခြယ်ရ ပါတယ် ဒါကတော့ ခေါင်းဆောင်(ဆရာ)တယောက် ရွှေတာစမ်း(လုပ်ကွက်)ရှာရတဲ့အပိုင်းပေါ့။ တဆိုင်းမှာ ဥပမာလူ(၄)ယောက်တဆိုင်းဆိုပါစို့ စောစောကပြောသိလို ဆရာလုပ်သူက ရွေးခြယ်သပ်မှတ်ထားတဲ့နေရာကို ကျန်တဲ့သုံးယောက်က လိုက်လောင်းကြရတယ် “လောင်း”ဆိုတာ ဒေသအခေါ်ပါ တကယ်တော့ ဆရာသက်မှတ်ထားတဲ့နေရာ(လုပ်ကွက်)ကို (လုပ်တာ)ကျင်တာကိုဆိုလိုတာပါ။ကျင်တဲ့(လောင်း)တဲ့ နေရာမှာတော့ ရှော မျှောလို့ခေါ်တဲ့ အရှည် 7 ပေ 8ပေ ခန့်ရှည်ပြီးဗျက်(အကျယ်)နှစ်ပေခန့်ရှိ အသားပြားကို သံမှိုနဲ့ရိုက်ထားသည် မြင်လွယ်အောင် ဥပမာပြရရင် ပန်းခြံတို့ ကစားကွင်းတွေမှာရှိတက်တဲ့ “လျှော”စင်နှင့် ခတ်ဆင်ဆင်တူပါသည် ရွှေကျင်(လောင်း)တော့မည်ဆိုလျှင် ပထမဆုံး “ရှော၊ မျှော”ဆင်။ မျောဆင်တယ်ဆိုတာ စောနက ကျနော်ပြောတဲ့မျောကို(လုံးပတ်)လက်ကောက်ဝတ်လောက်ရှိတဲ့ တိုင်နှစ်တိုင်ကို မျှော နောက်ပိုင်းမှာ လူ့ခါးလောက်နီးပါး အညီစိုက်ပြီးတင် အဲဒီတိုင်နှစ်ချောင်းကိုတော့ ကျင်တိုင်လို့ခေါ်တယ် နောက်တိုင်တချောင်းကိုတော့ ကျင်ဦးတိုင်လို့ခေါ်တယ် ဒီတိုင်ကတော့“မျော“ အဖျားပိုင်းအလယ်တည့်တည့်မှာထောက်ပေးထားတဲ့အတိုင်ပေါ့ ကျင်တိုင်နှစ်ချောင်းကိုလူခါးလောက်အမြင့် စိုက် ကျင်ဦးတိုင်လူ ဒူးသာသာအမြင့်စိုက်ထား အဲဒီအပေါ်မှာ မျောကိုတင်လိုက်တော့ မျောရဲ့အနေအထားဟာ ခေါင်းပိုင်းကမြင့်ပြီး အဖျားပိုင်းမှာ နိပ်ဆင်းနေတော့ ကျနော်ပြောတဲ့ကလေးတွေစီးတဲ့ လျှောစင်ပုံစံနဲ့ တူသွားပါတယ် အဲဒီလျှောရဲ့အမြင့်ဘက်မှာမှ ကျနော်တို့အခေါ်(ပေါက်ကယို့)ဆိုတာရှိသေးတယ် တနည်းပြောရရင် သူက ဇလားပေါ့ အဲဒီဇလား(ပေါက်ကယို့)ရဲ့ ဗျက်အကျယ်က မျောရဲ့အကျယ်နဲ့အတူတူ ပါပဲ အရှည်ကတော့ နှစ်ပေကျော်ကျော်ခန့်ရှိလိမ့်မယ်ထင်တယ် အမြင့်ကတော့ ၅လက်မ ၆လက်မ ခန့်ရှိမှာပါ ပြောမယ်ဆို လေးထောင့်ခွက်ပုံစံပေါ့ အဲဒီလေးထောင့်ခွက်ဇလား(ပေါက်ကယို့)ကို အောက်ပြင်ကို သံပြားနဲ့ ပိတ်ထားတယ် အဲဒီသံပြားကိုတော့ ဂုတ်ညင်းစေ့လောက်အပေါက်ကလေးတွေဖောက်ပေးထားတယ် ရွှေတာ(အလုပ်ကွက်)ထဲက သဲတွေကို”ဂေါ်“နဲ့ကော် ဇလား(ပေါက်ကယို့)ထဲကိုထည့် လူတယောက်က ရေပုံးသေးသေး(မီးသက်ပုံးရွယ်နဲ့)အဲဒီသဲတွေကိုရေလောင်း ရေလောင်းလိုက်တာနဲ့ သဲတွေဟာ ဇလားအပေါက်ကနေ မျောထဲကိုဆင်းပြီး မျောထိပ်မှာ ရေနဲ့အတူလျှောဆင်းသွားတယ် ကြာလာတော့ အဲဒီမြေစာ(ကျင်စာ)တွေဟာ လျှော မျောဦးထိပ်မှာ ပုံပုံကလေးဖြစ်ပြီး မျောဦးထိပ်ကိုထောက်(ထိ)လာတယ် အဲဒီမြေစာ(ကျင်စာ)ပုံကို ကျင်ဦးပုံလို့ခေါ်တယ် အဲဒီကျင်ဦးပုံက မျောကိုထိလာရင် နောက်တနေရာကိုရွေ့ အဲဒီကျင်ဦးပုံအရေတွက်ကြည့်ပြီးတော့လည်း အလုပ်သိမ်းချိန်ကို သပ်မှတ်ကြလေ့ရှိတယ် ပုံမှန်အားဖြင့်တော့ ၁၀နာရီ ၁၁နာရီလောက်ဆို ဆိုင်းဖြုတ်(အလုပ်သိမ်း)ကြပါပြီ သြော် အဓိကတခုကျန်နေသေးတယ်ဗျ စောစောက ကျနော်ပြောခဲ့တဲ့ “မျော“ထဲကို မျော ပြင် အပြည့်ဂုံနီအိပ်တွေဖြတ်ပြီးခင်းထားပေးရတယ် သိမ်းတော့မယ်ဆိုရင် မျောထဲက သဲတွေကုန်တဲ့အထိ ရေလောင်းသူက ဖြေးဖြေးခြင်းလောင်းရတယ် အဲသလိုလောင်းလိုက်တော့သဲကြမ်းတွေအကုန်ဆင်းသွားပြီး သဲနုအမှုန်တွေရယ် သံနှစ်လို့ခေါ်တဲ့အမဲ (အနက်)ရောင်ရှိတဲ့ အမှုန့်တွေ ဂုံနီအခင်းထဲမှာကပ်ကျန်ခဲ့တယ် အဲဒီတော့မှ ဂုံနီအိပ်အခင်းတွေကိုယူပြီး အင်ဝိုင်းထဲကို ရေစပ်စပ်နဲ့ ပုတ်ခါရတယ် ရှိသမျှ ဂုံနီအိပ်အခင်းတွေကိုခါလိုက်တော့ သဲနုအမှုန့်ရယ် သံနှစ်ရယ် ရွှေပွင့်အမှုန့်လေးတွေရယ်ရောနေတယ် အဲဒါကို ရွှေပွင့်တွေချည် သီးသန့်ဖြစ်အောင် အင်ဝိုင်းကို“စကော“၀ိုင်းသလို ၀ိုင်းလိုက် တဖက်ကိုစောင်းပြီး ရေကလေးနဲ့တဖျက်ဖျက်ပက် လက်တဖက်က သဲနုတွေ သံနှစ်တွေကိုဖယ်ပေးလိုက် ၀ိုင်းလိုက် ဖယ်လိုက် ၀ိုင်းလိုက် နောက်ဆုံးမှာ ရွှေပွင့်တွေနဲ့သံနှစ် အနည်းအကျင်းသာ ကျန်နေပါတော့တယ် သံနှစ်အားလုံးကုန်သည် အထိတော့ဖယ်လို့မရတော့ပါဘူး ဒီတော့မှ ပြသား(ပဒါး)ချိန်ဆပြီး ရွှေနဲ့သံနှစ်ရှိနေတဲ့ အင်ဝိုင်းထဲကိုထည့်ပြီး လဖ၀ါးနဲ့ပွတ်ခြေရပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် ရွှေပွင့်ကို ပြသားကစုခဲပေးပါတယ် အဲဒါကိုမှ ရေ အနည်းအကျင်းနဲ့ အင်ဝိုင်းကို စောစောကလို ၀ိုင်းလိုက် ဖယ်လိုက် လုပ်ပေးရပြန်ပါတယ် ။ နောက်ဆုံးမှာတော့ ရွှေပွင့်အားလုံးဟာ ပြသားကြောင့် အစုအခဲ (အလုံး) လေး တစ်ခု ဖြစ်သွားပါပြီ အဲဒီ အခဲ လေးကို အ၀တ်စသန့်သန့်လေးနဲ့ စုလိမ်လှစ်လိုက်တော့ ပိုနေတဲ့ ပြသားတွေက ထွက်ကျပြီး မာကျစ်ကျစ် ရွှေဉ်လေးတဥ ရပါပြီ တစ်ခါ အဲဒီ ရွှေဥလေးကို ဖက်ဆေးလိပ်ထိပ်မှာထည့် မီးပြင်းပြင်းဖွါလိုက်တော့ ရွှေဥ ပြသားအရောင်က ပြောင်းပြီး နနွမ်းအရောင် ၀င်းဝင်းအခဲလေး ဖြစ်သွားပြီ အဲဒီရွှေဥကလေးကို ပုလင်းသေးသေးလေးထဲထည့် ဒါဆို ကျနော်တို့ တနေ့တာ ရွှေကျင်ခြင်း အလုပ်ပြီးသွားပါပြီ။
တနှစ်တာကာလပတ်လုံးမှာ နွေမိုးဆောင်း ဆိုတဲ့ သုံးဥတုရှိတဲ့ အနက်က နွေနဲ့ မိုးရာသီများမှာတာ ကျနော်တို့ တစ်ရွာလုံး ယမားချောင်းကြီးထဲမှာ ရွှေကျင်ကြတာပါ ဆောင်းရာသီကာလမှာတော့ ဘယ်သူမှ ရွှေမကျင်ကြတော့ပါဘူး ဆောင်းရာသီမှာ ရွှေကျင်လုပ်ငန်း ကို မလုပ်ပဲ နားနေကြပေမယ့် ကျနော်တို့ရဲ့ ချောင်း မေမေ ကတော့ ခုလို ဆောင်းရာသီမှာ ကျနော်တို့တရွာလုံး အမိချောင်းမကြီးရဲ့ ရင်ပြင်မှာ ကြတ်သွန်တွေ စိုက်ကြတယ်လေ။
သဲချောင်း ပြင်ကြီးထဲမှာ က်ြသွန်စိုက်ရာမှာလည်း နည်းစနစ်လိုပါတယ် ကြက်သွန်ရဲ့ သက်တမ်းဟာ ရက်ပေါင်း ကိုးဆယ် တစ်ရာခန့်သာရှိပါတယ် ကြက်သွန်ရဲ့ မျိုးစေ့ကို တော့ သဲချောင်းမကြီးရဲ့ ကမ်းစပ်က နုန်းမြေတွေပေါ်မှာ ပျိုးကြရပါတယ် အဲဒီ ပျိုးပင်ကိုမှ စိုက်လို့ရမယ့် အချိန်ရောက်ပြန်တော့ နှုက်ပြီး ချောင်းပြင်က ကိုယ့်ရဲ့ အကွက်(အခင်း)ထဲကို ပြန်ပြီး စိုက်ကြရတာ ကြက်သွန်ပျိုးထားတဲ့ (မစိုက်သေးခင်)အချိန်မှာ ကိုယ်ရတဲ့ (ဝေစု အကွက် အခင်း)ကို ကြသွန်ပင်ရဲ့ ကြီးရင့်ပြီး ရေဖြတ်ရမယ့် အချိန်ကို ကွက်တိဖြစ်အောင် ချိန်ဆရပါတယ် ဘာဖြစ်လို့လည်းဆိုတော့ သဲပြင်ရဲ့ အောက်မှာရှိတဲ့ ရေ (စမ်း) ဟာ တဖြည်းဖြည်းနဲ့ အောက်ကို ဆုတ်သွားလို့ပါ အကယ်ရ်ျ သဲပြင်ရဲ့ အောက်ကို ရေ (ှုစမ်း) က တော်တော်လေးဆုတ်သွားတဲ့ထိ ကြသွန်ပင်ဟာ မကြီးရင့်သေးဘူး ရေဖြက်ရမယ့် အချိန်မတန်သေးဘူးဆိုရင် ကြက်သွန် အထွက်နှုန်းရော့ပါတယ် သဲတွေကို ပယ် ဆွဲတာ များလွန်းသွားပြန်ရင်လည်း အစိုဓာတ်ကိုင်ပြီး ကြတ်သွန်ပင် အဖြစ်နှုံး နှေးကွေးပြီး ကြက်သွန် အထွက်နှုံးရော့ပြန်ပါတယ် ဒါကြောင့်မို့ သဲမြေပယ် ရာမှာ ရေ ဆုတ်မဲ့ အနေထားနဲ့ ကြက်သွန်ပင်ကြီးရင့်ပြီး ရေ ဖြက်ရမယ့် အချိန်တို့ကို ကိုက်ညီအောင် ချိန်ဆပြီး သဲ ပယ်ရပါတယ် ကြက်သွန်စိုက်လာတဲ့ ဘ၀တစ်လျှောက်လုံးမှာ ကျနော်တို့ သပြေပင်သားတွေ ဟာ အရှုံးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး ဘာကြောင့်လည်းဆိုတော့ ချောင်းမေမေ လို့ ကျနော် အမည်ပေးထားတဲ့ ယမားချောင်းကြီးရဲ့ ရင်ခွင်အောက်မှာ တသက်လုံးက ခိုလှုံလာခဲ့ကြသူတွေမို့ ချောင်းမကြီးရဲ့ အကြောင်း ကိုကောင်းကောင်ကြီးသိထားကြသူတွေမို့လေ ။ ဒီနှစ်က်ြသွန်ခင်းစိုက်ရာမှာတော့ မကြုံစဖူး အကြုံထူးတဲ့ နှစ်လို့ ဆိုရမှာပါ ကျနော်တို့ သပြေပင်သားတွေ မျက်စိလည် တဲ့ နှစ်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး ဒီနှစ် တစ်ရွာလုံး က်ြသွန်စိုက်ရာမှာ အကြုံထူးခဲ့ရပုံကို ကျနော့် ဆရာ ကိုကျော်မြင့် တစ်ဦးတည်းအကြောင်းကိုပဲ ပြောပါတော့မယ် ကျနော်တို့ သပြေပင်တစ်ရွာလုံး ကြက်သွန်စိုက်ရာမှာ အရှုံးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ကျနော့်ဆရာ ကိုကျော်မြင့် ရဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ဘယ်တုန်းကမှ ကြက်သွန် မရှုံးခဲ့ဖူးတဲ့သူပါ။ ဆရာက နွားမမွေးပါ နွားမမွေးတဲ့ အတွက် ကြက်သွန်စိုက်ရမှာမှာ နွားချေးဖိုး သဲဆွဲ နွားရှင်း ခ တွေကတော့ သူများ တွေထက် အကုန်ကျပိုများတာပေါ့ အရင်းအနှီးဘယ်လောက်ပဲ ကျကျ ကျနော့်ဆရာ ကြက်သွန်မစိုက်တဲ့ နှစ်ရယ်လို့ မရှိခဲ့ပါ ။ ကြက်သွန်စိုက်ချင်း အားဖြင့် ကြက်သွန်နှုက်ပြီးသွားသော်လည်း ကြက်သွန်ခင်းထဲမှာ ပဲလွန်း ခရမ်းချဉ် ဗူး စသည့် အားဖြင့် နွေရာသီ အတွက် ဟင်းချက်စရာ ဟင်းသီး ဟင်းရွက် အပင်တွေက ချော်ငးရေမလာမချင်း အကျိုးခံစားခွင့်တွေ ပေးနေပါသေးတယ် ဒါကြောင့်မို့လည်း ကျနော်တို့ တစ်ရွာလုံး ခုလိုဆောင်းရာသီမှာ ကြက်သွန်ကို လက်မလတ်တမ်းစိုက်ကြတာပါ ကျနော်ဆရာလည်း နွားချေးဖိုး သဲဆွဲငှါးခ တွေ ပိုကုန်တာကို ဂရုမစိုက် ကြသွန်စိုက်ချိန်မှာ ကိုယ့်လက်ထဲ ငွေမရှိရင် တောင်မှ သူများဆီက ကြက်သွန်ပေါ်ရင် ပြန်ပေးမယ်ဆိုပြီး ချေးငှါးစိုက်လာလိုက်တာ အဆင်ကိုပြေလို့ ပေးထားတဲ့ ဂတိအတိုင်း ကြက်သွန်ပေါ်တာနဲ့ ကြက်သွန်ကို ပေါက်ဈေးနဲ့ ဖြတ် အတိုးပါ တွက်ပေးလိုက်တာ ငွေချေးတဲသူကလည်း အတိုးကလေးနဲ့ ဆိုတော့ ပျော်လို့ ကိုယ့်မှာလည်း ကျန်တဲ့ ကြက်တွန်တွေ ရောင်းစားရတဲ့ အပြင် ခရမ်းချဉ်သီး ပဲလွန်း သီးတွေကလည်း ကိုယ်တိုင်တောင် ထက်ရောင်းစရာမလိုဘူး ၀ယ်မဲ့သူတွေက တလျှိုလျှိုနဲ့ဆိုတော့ ဆရာမှာ ကြက်သွန်မစိုက်တော့ဘူးဆိုတဲ့ စိတ်ကူး ဘယ်တုန်းကမှ မကူးခဲ့ဖူးဘူး ကြက်သွန်သိမ်း ချိန်နီးလာပြီဆိုရင် ကြက်သွန်ခင်းဘောင် ကသင်းပေါ်မှာ တဲလေး တွေ ဆောက် ပြီး ကြက်သွန်ခင်းကို ညအိပ်စောင့်ကြရတယ် ကျနော့် ဆရာ ကိုကျော်မြင့်လည်း အကြွေးနဲ့ ယူပြီးစိုက်ထားရတဲ့ သူ့ကြက်သွန်ခင်းကို အများနည်းတူ ညစဉ်ညစဉ် စောင့်လာရင်းနဲ့ တစ်နေ့နံနက် စောစောမှာ တော့ ကျော်မြင့် ကြက်သွန်နှုက်တော့မယ်ဆို တဲ့ ။ ဒါကတော့ တခြားလူမဟုက်ပါဘူး ကြက်သွန်စိုက်စဉ်က ကျနော် ဆရာ ကိုကျော်မြင့်။
နွားချေးဖိုးနဲ့ သဲဆွဲ ခ လိုလို့ ကြက်သွန်ပေါ်ရင် ပြန်ပေးပါ့မယ်ဆိုပြီး ငွေးချေးခဲ့တဲ့ အကြွေးရှင်ပါ။ အဲဒီ အကြွေးရှင်ကို မြင်လိုက်တော့ ကျနော့်ဆရာ တစ်ချက်စဉ်းစားတယ် နောက်မှ သတိပြန်ဝင်လာပြီး ကြက်သွန်ခငင်းကို စိတ်မကောင်းတဲ့ အကြည့်နဲ့ တချက်ဝေ့ကြည့်လိုက်တယ် နောက် အကြွေး ရှင်ဖက်လှည့်ကြည့်ပြီး စကားတစ်ခွန်းပြောတယ် ။ ကျုပ်ဘက်က ကတိအပျက်မခံဘူး ကြက်သွန်းရဲ့ အခြေနေကတော့ ခင်များမြင်တဲ့ အတိုင်းပဲ ကျုပ်တစ်ဦးတည်း အဖြစ်ဆိုးတာ မဟုက်ဘူး အားလုံး အတူတူပဲ ဒါပေမယ့် ဒီအခင်းထဲက ကြက်သွန်ဥကို တစ်လုံးမှ ကျုပ်မယူဘူး ခင်များ ဘက်ကလည်း သာတယ် နာတယ်တွက်မနေနဲ့ ကျုပ်အခင်း တခင်လုံး ခင်များကြိုက်သလို လုပ်တော့ လို့ ပြောပြီး စောင်ထုပ်ကလေးထမ်းကာ ရွာကိုပြန်ခဲ့ပါတော့တယ်….။
ကျနော့်ဆရာ ကိုကျော်မြင့် ကြက်သွန်စိုက်ရာမှာ အရှုံးပေါ်သလို ကျနော်တို့ သပြေပင်တစ်ရွာလုံး ဒီနှစ်မှာ ကြက်သွန်ရှုံးကြပါတယ်။ ကြက်သွန်စိုက်ပျိုးရာမှာ တော်ပါပေဆိုတဲ့ ကျနော်တို့ ရွာသားတွေ ဘာကြောင့် ခုလို လွဲချော်သွားရသလဲဆိုတာ ကတော့ ကျနော်တို့ မိခင် ယမားချောင်းကြီးကို အထက်အညှာက ပိတ်ဆီးကာပြီး “ဆည်“ ကြီး တည်ဆောက်လိုက်တာကြောင့်ပါ ။ အဲဒီ “ဆည်“ ကြီး တည်ဆောက်လိုက်လို့ ဘယ်ရွာသူ ရွာသားတွေကို ဘယ်လို အကျိုးခံစားခွင့်ရကြမယ်ဆိုတာ ကိုမသိပေမယ့် ကျနော်တို့ သပြေပင် တစ်ရွာလုံးမှာတော့ ခုလိုကြက်သွန်စိုက်ရာမှာ အရှုံးပေါ်တဲ့ အပြင် နွေရာသီနဲ့ မိုးရာသီတို့မှာပါ ရွှေကျင်ရမယ့် လုပ်ငန်းတွေပါ ရပ်နားရတော့မယ့် အနေထား ကိုရောက်နေပါပြီ ။ နွေ မိုး ဆောင်း သုံးရာသီလုံးမှာ အမေချောင်း သဲပြင်ပေါ်မှာ လက်ယက်တွင်းလေးတွေယက် တစ်တောင်(နှစ်ပေ)ကျော်ကျော်ရှည်ရှိတဲ့ အုံးမှုတ်ခွက်လေးတွေနဲ့ ခတ်သောက်လို့ရခဲ့တဲ့ အမေ့ရင်ပြင်က အမေ့ရဲ့ ချိုမြမြ ရေကြည်စမ်းတို့ကိုလည်း ခုဆို သဲပြင်ရဲ့ အောက် ခုနစ်ပေလောက် နက်(ရောက်)မှ ရေထွက်နိုင်တော့တဲ့ ဘ၀ အခြေနေဆိုတော့ ကျောက်ခွေ တွေဆင့် ချလို့ ထားရတဲ့ ရေတွင်းဖြစ်သွားတော့ ရေခတ်ရာမှာလည်း ဟိုတုန်းကလို အုံးမှုတ်ခွက်အရိုးတိုတိုလေးတွေနဲ့လည်း ခတ်လို့ မရတော့ပါဘူး ဒီတော့ ရေပုံကို ကြိုးတက် ရေခပ်ရတဲ့ အသွင်ပြင်ဖြစ်သွားပါပြီ….
ယမားချောင်းကြီးရဲ့ အရင်း (အညှာ)ကိုဆီးတားပိတ်ဆို့ပြီး ဆည်ကြီး တည်လိုက်တော့ အထက်ချောင်းညှာမှာ မိုးဘယ်လောက်ပင်ရွာရွာ ကျနော်တို့ ချောင်းမကြီးမှာ ချောင်းရေ အရင်လိုမလာနိုင်တော့ပါ။ ချောင်းရေမလာတော့ ရွှေကျင် ဆိုတဲ့ အလုပ်ကို လည်း ကျနော်တို့မှာ မကျင်ရတော့ပါ။ မိုးကာလမှာ ချောင်းရေ အရင်လို မလာတော့သဖြင့် ဆောင်းရာသီမှာလည်း စမ်းရေ အလွန်ဝေး(ဆုတ်)သွားသောကြောင့် ကြက်သွန်စိုက်ရာမှာလည်း ဖြစ်ထွန်းမှုမရှိတော့လို့ ကြက်သွန်အထွက်မကော်ငးပါဘူး ။ ယမားချောင်းပြင်ထဲမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လက်လေးနဲ့ တွင်းကလေးဖြစ်ရုံ ယက်လိုက်တာနဲ့ အေးမြတဲ့ စမ်းရေကြည်လေးတွေ တစ်စိမ့်စိမ့် ထွက်ခဲ့တဲ့ အမေ့ချောင်းရင်ပြင်ဟာ အခုတော့ မထွက်နိုင်ရှာတော့ပါဘူး ။ အထက်ချောင်းအညှာပါ ဆည်ကြီး တည်ဆောက်လိုက်လို့ ကျနော်တို့ သပြေပင်တစ်ရွာလုံးရဲ့ ကျေးဇူးရှင် ချောင်းမေမှော ကျနော်တို့ အပေါ် မှာ အရင်လို သူ့မေတ္တာ စေတနာတွေကို အပြည့် အ၀ မပေးနိုင်ရှာတော့ပါဘူး………။
ကျနော်တို့ တစ်ရွာလုံးမှာ ယမားချောင်းကြီးကပေးတဲ့ သဘာဝရင်းမြစ်တွေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတာမို့ ဆည်ကြီး မတည်ဆောက်ကြပါနဲ့လို့လည်း မတားဆီးနိုင်ကြပါ၊ တားဆီးလို့လည်း ရမည်မဟုက်ပါ ဒီဆည်ကြီး ဖြစ်မြောက်လာအောင် စီမံကိန်းဆွဲသူ တွေကလည်း အကျိုးမြတ် ခွဲခြမ်းစိတ်ဖြာပြီးမှ အကောင်ထည်ပေါ်တာဖြစ်ပါလိ့မ်မည် အဲဒီလို ဆည်ကြီး တည်ဆောက်လိုက်လို့ ပြည်သူအများ အကျိုးများမယ်ဆိုရင်တော့ ကျနော်တို့ တစ်တွေလည်း အများအတွက်ဆိုတော့ ဘာများ တက်နိုင်ဦးမှာလည်း ။
ဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ သပြေပင် တစ်ရွာလုံးကို မေတ္တာတရားတွေ အပြည့်ဝ ပေးနိုင်သော အရင်ကလို ရေအလျှင်တွေ တသွင်သွင်စီးဆင်နေသော (သဘာဝအတိုင်း ) အရင်ကအတိုင်း ပြန်ဖြစ်ပါစေလို့ အမေ့ အကြင်နာ တရားတွေကို အောင်းမေ့ သတိရ တမ်းတရင်း ကျနော်တို့ သပြေပင် တစ်ရွာလုံး အမေ ပြန်အလာကို စောင့်မျှော်နေကြပါတယ် ချောင်းမေမေရယ်……………။
ရေးစပ်သီကုံးသူ။ ။ ကိုဇော်လွင်( R.B.B) မန္တလေး

ဘ၀နဲ့ ဇာတ်လမ်းတစ်ပုဒ်

နွေညမို့ပူအိုက်အိုက်ရှိလှသည် သပြေပင်ရွာကလေးတရွာလုံးတိတ်ဆိငြိမ်သက်နေသည် နေ့ခင်းမှာတနေကုန် တနေခန်းပင်ပမ်းဆင်းရဲစွာလုပ်ကိုင်ခဲ့ကြရသမျှညပိုင်းမှာစောစောစီးစီးအိပ်ယာဝင်ကာပင်းပမ်းမှုဒဏ်ကို ဖြေဖျောက်ကြရသည်။ ကျော်ခင် တယောက်တစ်ရေးနိုးလာရ်ျ အိပ်နောက်ဖေးမှာပေါ့ပေါက်သည် ညနေကသောက်လက်စ ဖတ်ဆေးတိုကိုယူပြီးမီးညှိဖွာရင်း အိမ်ရှေ့တမာပင်ခြေရင်းမှာထိုင်ကာ အတွေးနယ်ချဲ့နေမိသည် ပထမဦးဆုံးမန္တလေးမှာနေသောသားနှင့်သမီးကို သတိရမိသည်။ တကယ်တော့မိတဆိုးဖြစ်နေကြရှာတဲ့ သားနဲ့သမီးကို ကိုယ့်မျက်စိကွယ်ရာ မြို့ကြီးပြကြီးကိုမထားချင်ပါ တဖက်ကတွေးမိပြန်တော့လည်း ကိုယ့်တောမှာနေပူစက်ခါး အလုပ် လုပ်ရတာနှင့်စာလျှင်မြို့မှာက ကလေးတွေပင်ပင်ပမ်းပမ်းမလုပ်ရ ၊ သူတို့လိမ္မာသလိုသူတို့ဘ၀တိုးတက်ဖို့ရာအခွင့်လမ်းရှိသည် သားနဲ့သမီးကို ကိုယ့်လိုပဲနေ့စဉ်နှင့်အမျှပင်ပမ်းဆင်းရဲကြီးစွာလုပ်ကိုင်စားသောက်နေရသည့်ဘ၀ဖြင့် မကြည့်လို မမြင်ရက် ဒီအတွက်ကြောင့်ဘဲမြို့ကိုပို့ရခြင်းဖြစ်သည်။ တဆက်တည်းမှာပဲသွားလေသူ မအေးမြင့်နှင့်သူတို့ရဲ့ဘ၀စခဲ့ကြပုံတွေလည်း တစီတတန်းကြီးမြင်ယောင်မိပြန်သည်။ ကျော်ခင်နဲ့အေးမြင့်ဆိုတာ တရွာထဲနေတရေထဲသောက်ပြီးကြီးပြင်းခဲ့ကြရတဲ့ငယ်လင်ငယ်မယားတွေပေါ့ အချိန်တန်အရွယ်ရောက်ကြတော့ လူငယ်ဘ၀ မေတ္တာစွပ်ဖတ်ချစ်သက်ဝင်လာကြသည် ဒီတုန်းက ချစ်စိတ်ကမှိုင်းတိုက်လို့ရူးရူးမိုက်မိုက်နဲ့ ခိုးပြေးခဲ့ကြတယ်လေ။ နံက်မိုးလင်းလာရင်လူကြီးတွေအမြင်မှာတော့ ဘယ်လိုရှိမယ်မသိဘူး ကျော်ခင်နဲ့အေးမြင့်တို့ကတော့ တစ္ဆေမကြောက် မြွေမကြောက် ရွခေါင်းရင်းက လယ်ကွင်းပြင်ကြီးကိုနှင်းတွေ ရေတွေတရွှဲရွှဲကြားမှာဖြတ်လျှောက်ခါ ဓမ္မသာရဆိုတဲ့ကျော်ခင့် ဒွေးလေး(အန်တီ) ရှိတဲ့ရွာဆီကို ဦးတည်လို့လှမ်းခဲ့လိုက်ကြတာ။ သြော် ခုလိုပြန်တွေးမိပြန်တော့ကျော်ခင့်ရင်ထဲမှာ နွေးတေးတေးဖြစ်လာသည်…။ အစီခံထိရောက်နေသော ဆေးလိပ်တိုကိုမြေကြီးထဲထိုးခြေကာ ကျော်ခင်တယောက် သက်ပြင်းရှည်ကြီးချမိသည်။ နှုတ်မှာလည်း ”အေးမြင့်ရေ နင်ကတော့ဘယ်ဘ၀ရောက်နေ ရှာ တယ်မသိဘူး ငါ့မှာတော့ကလေးသုံးယောက်ရဲ့ဘ၀ရှေ့ရေးကိုတွေးမိလေးတိုင်းရင်မောတယ်ဟ“လို့ ရေရွတ်ရင်း…အိပ်ယာဝင်ခဲ့လေသည်….။
ကျော်ခင်နဲ့အေးမြင့်တို့ရဲ့ မင်္ဂလာပွဲလေးဟာ ချိုမ့်ချိုမ့်သဲအောင်မစည်ကားလှပေမဲ့ ကိုယ့်ရပ်ရွာဓလေ့အရတော့ သူဟာနဲ့သူအသွင်တင့်ခဲ့ပါတယ်။ ကန်တော့ခံနှစ်ဖက်မိဘများမှာ သားနှင့်သမီးတို့ကိုကြည့်ပြီး “ဒီလင်ဒီမယား အိုအောင် မင်းအောင်ပေါင်းနိုင်ကြပါစေ”ဆိုတဲ့ ဆုအပ ဘယ်ဖတ်မိဘတွေကမှသားနဲ့သမီးအတွက်ဆိုပြီး ဘာတဆင်စာ ဘယ်လောက်ဆိုတဲ့အပိုဆာလာတွေကိုမပေးနိုင်မကမ်းနိုင်ခဲ့ကြပါဘူး ဒါကတော့ဖြင့်ကျုပ်တို့ သပြေပင်ရဲ့ထုံးစံလို့တောင်ဆိုရမလိုဖြစ်နေပြီ။ တကယ်တော့သပြေပင်တရွာလုံးဟာ လက်လုပ်လက်စား ကူလီသမားတွေကြီးပဲဥစ္စာ။ ဒါကိုလည်း မညားခင်ကတည်းက ကျော်ခင်တို့အေးမြင့်တို့ကတွေးပြီးသားပါ ကိုယ့်လက်ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်စောစောစီးစီးပဲ တအိုးတအိမ်ထူထောင် လိုက်ကြတယ်။ တအိုးတအိမ်ဆိုတာလည်းကျုပ်တို့သပြေပင်မှာ အကုန်အကျ အင်မတန်မှသက်သာပါတယ်။ ဒီလူနဲ့ ဒီလူအိမ်ထောင်ခွဲတော့မယ်ဆိုတာနဲ့ ရွာထဲကဆွေမျိုးနီးစပ်သူရော မနီးစပ်သူများတွေကပါ အိုးလေးတစ်လုံး သောက်ရေခွက်ကစ ဇွန်းလေးစချောင်းစသဖြင့် အိမ်ထောင့်အသုံးအဆောင်ပစ္စည်း ပစ္စရာများကို ပေးကြကမ်းကြလေ့ရှိပါတယ်။ နောက်ပြီး အိမ်ဆောက်ရာမှာဆိုလည်း တက်သစ်စအိပ်ထောင်ခွဲ များအဖို့တော့ ရပ်ထဲရွာထဲက အကူအညီနဲ့တင်နေဖြစ်ရုံ အိမ်တလုံးကတော့ပြီးတယ် ။ ယခုကျော်ခင်နှင့်အေးမြင့်တို့လည်း အိမ်ထောင်ကျပြီဆိုတာနှင့်တပြိုင်တည်း နှစ်ဖက်မိဘများထံခိုကပ်မနေကြ တော့ပါ တအိုးတအိမ်တည်ဆောက်လို့ ဘ၀ခရီးလမ်းကိုနှစ်ကိုယ်တွပြီးလျှောက်လှမ်းကြသည်….။ တောသူတောင်သား များပိပိ နေပူမရှောင်မိုးရွာမရှောင်နဲ့ ဘ၀ဆိုတဲ့ တိုက်ပွဲ အတူနွှဲခဲ့ကြသည် ကျော်ခင်တို့ဘ၀ခရီးအစမှာသာယာလှပါသည် ကျော်ခင်ဆိုတာကလည်းအလုပ်ကိုကြိုးကြိုးစားစားနှင့်လုပ်သည် ကျော်ခင်အလုပ်ကြိုးစားသလို မယားဖြစ်သူအေးမြင့်ကလည်း အလုပ်လည်း လုပ်သလို စီးသည့်ရေ ဆည်သည့်ကသင်း ဆိုသည့်အတိုင်း အစစရာရာမှာမလစ်ဟင်းရလေအောင်စွမ်းဆောင်ခဲ့သည်။
တောအလုပ်မှန်သမျှ ကျော်ခင် မလုပ်တက်တာ မရှိ မလုပ်ဖူးဘူးဆိုတာလည်း မရှိ ရိုးသားမှန်ကန်စွာဖြင့် ငွေရမည့် အလုပ်မှန်သမျှ ကျော်ခင်က အကုန်လုပ်သည် ။ ဒါအပြင် လူမစွမ်း“နတ်မ“ ဟုဆိုရလေမလား အတော် အတန့်ပျက်စီး (ချွတ်ယွင်း)နေသော ရေဒီယို ကက်ဆက် လေးများဆိုလည်း ပြတက် ပြုတက်ဖြစ်လို့ ၀င်ငွေ အပိုလေး များရတက်သည် ဘယ်မိဘထံမှ အရင်းနှီး အထုပ်အထည်များ မပေးလိုက်ကြပါပဲနှင့် ယခုဆိုလျှင် ကြက်ကလေး ၀က်ကလေး မှသည် နွားကလေးများပင် ၀ယ်မွေးထားနိုင်လေပြီ ။ ကြိုးပမ်းလုပ်ဆောင်မှုကြောင့် မွေးမြူရေးဘက်မှ တရိစ္ဆာန်(အကောင်ပလောင်) လေးတွေ ပိုလာသလို စားမယ့် ၀ါးမယ့် ပါးစပ်ပေါက်တွေလည်း တိုးလာလိုက်တာ “ဟော “ ခုဆို သားသမီး သုံးယောက်မြောက် ။ သားသမီးတွေ မရခင်တုန်းကအလုပ်တွေ ကြိုးစားလုပ်ရသလို သားသမီးတွေ ရလာပြန်တော့လည်း ကျော်ခင်တို့ အရင်ကထက် အလုပ်ပိုလုပ်ရပြန်သည်။ ကျော်ခင်တို့က အလုပ် လုပ်ရလို့ ပင်ပမ်း သည်ဟု ဘယ်တုန်းကမှ မငြီးမငြူခဲ့ ငွေကိုဘယ်လိုပိုရ ရအောင် ဘယ်လိုလုပ်ရမည်ဆိုတာကိုဘဲ စိတ်ကူးနေသည်။ သူ့မှာ စိတ်ကူးတစ်ခု ရှိသည် ဒီအတိုင်းနဲ့သာဆို သူ့ စိတ်ကူးကိုအကောင်ထည်ဖော်ဖို့ လမ်းမမြင် ကျော်ခင်မှာ အားနည်းချက်ကလေးတစ်ခုရှိပါသည်။ ဒါက ဘာလဲဆိုတော့ ငယ်ငယ်က ဆေးထိုးမှားခဲ့သဖြင့် ခြေတစ်ဖက်မှာ ဆင်ခြေထောက်ရောဂါ ဖြစ်ခဲ့ရသည်။ ဒီခြေတစ်ဖက် ဆင်ခြေထောက် ကြောင့်ပဲ အေးမြင့် မိဘတွ သဘေမတူမှာကိုစိုးရိမ်ကဲပြီး အေးမြင့် ကို ခိုးယူခဲ့ခြင်းဖြစ်သည်။ ဒီခြေထောက်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အားငယ်သိမ်ငယ်စိတ်တွေ ဖြစ်ခဲ့ဖူးသည်။ ခုတော့ ကျော်ခင်တစ်ယောက် ငယ်ငယ်ကလို ကိုယ့်ခြေထောက်ကိုကြည့်ပြီး ငယ်းငယ်စတ်တွေ သိမ်ငယ်စိတ်တွေမဖြစ်တော့ပါ ရှိနေလို့လည်း မဖြစ်တော့ သားသမီးတွေ အတွက်က ပိုအရေးကြီးနေပြီမဟုက်ပါလား….ဒီတော့ သူရည်မှန်းထားသလို သားနှစ်ယောက်ကို ရှင်ပြုနိုင်ဖို့ အရေး အတွက် စက်ဘီးကလေးတဂျောက်ဂျောက် တဂျက်ဂျက် စီးကာ အနီးအပါးမှ ရွာများသို့ လှည့်လည်ကာ ၀က်ကလေး နွားကလေးများကိုရောင်း ၀ယ် လဲ ထပ် အလုပ်တစ်ခုကို ပိုလုပ်လာသည်။
ဒီလုပ်ငန်းကလေးက ကျော်ခင်အတွက် အကျိုးမြတ်များသည်။ ဒီအကျိုးမြတ်ကလေးများ တွက်ချက်မိလေတိုင်း ချိမ့်ချိမ့် သဲသဲ နဲ့ အလှူမဏ္ဍပ်ကြီး နောက် မြင်းကြီးပေါ်မှာ မောင်ရှင်လောင်း အဆင်းတန်ဆာနဲ့ အင်မတန်လှနေရှာတဲ့သားနှစ်ယောက် မော်တပြုံးပြုံးနဲ့ အလှူ့တကာမ အမိတွေအဖတွေ ဆွေမျိုးတွေ၊ အိုး…အားလုံးကိုယ်စီရဲ့ကြည်နူးမှုအပြုံးပီတိတွေ ရိုက်လိုက်ရတဲ့ဓါတ်ပုံတွေကလည်း တဖျပ်ဖျပ်နဲ့ပါဘဲ “ကျော်ခင်” ဘာတုန်းဟ အလန့်တကြားနဲ့“ ရော့ကလေးခဏခေါ်စမ်း” နို့ညှာကောင်ကိုခါးထစ်ခွ ချီလာရင်းမှ ကျော်ခင်ထံပေးပြီး ထမီကိုပြင်ဝတ်ကာ ရေအိုးစင်ထောင့်မှဆေးလိပ်တလိပ်ကိုယူရင်း အကြီးကောင်ဌေးအောင် ကို သူ့အမေကြီး(အဘွား)ထံ မီးခြစ်သွားအတောင်းခိုင်းလိုက်သည်။ မီးခြစ်ရှမတွေ့ရ်ျဆိုကာ မီးစ တန်းလန်းနှင့်ထင်းချောင်းကိုယူလာသော သားအကြီးကောင်ဌေးအောင်ထံမှမီးစကိုယူကာ ဆေးလိပ်ကိုမီး ညှိလိုက်သည် နောက်ထင်းချောင်းမှမီးစကို တံတွေးနှင့် တဖီးဖီးမှုတ်ရ်ျမီးငြိမ်သည်။ ထင်းစမှမီးငြိမ်ပြီဆိုမှ အေးမြင့်ဆေးလိပ်ကိုအားရပါးရဖွာရင်း ကျော်ခင်ကိုလှမ်းကြည့်နေသည် ။ ကျော်ခင်ကတော့ သားငယ်ကို ပခုံးမှာထမ်းရ်ျ အိပ်တံစက်မြိတ်အောက်လမ်းလျှောက်ရင်း စောစောက သားတွေကို“ရှင်ပြုနေတဲ့အတွေးကို အစရှာကာပြန်တွေးနေမိသည်။ ခုတလော အေးမြင့်တစ်ယောက် အစားအသောက် နည်းလာသည် ။ ပါးစပ်က စားချင်စိတ်ရှိသော်လည်း ၀မ်းထဲက လက်မခံ၊ တစ်ခါတခါ ဗိုက်ထဲကလည်း အောင့်တောင့်တောင့် ဖြစ်ဖြစ်နေသည်။ ဒါ ရိုးရိုးတော့ ဟုက်ဟန်မတူ အစာအိမ်ရောဂါဖြစ်နေပြီလို့တော့ ထင်သည်။ ဒါပေမယ့် ယောင်္ကျာဖြစ်သူကို အေးမြင့် ဖွင့်မပြောချင် ကိုယ့်ကိုယ်ကို အကဲခတ်စောင့်ကြည့်နေသည်။ ဗိုက်အောင့် သည့်လက္ခဏာကနေ တစ်နေ့တခြား ပိုမိုဆိုးလာသည် ၊မဖြစ်တော့ ကျော်ခင့်ကို ပြောပြရတော့မည်။ “ကျော်ခင်“ ဘာတုန်း “ဘာတုန်းမလုပ်နဲ့ ဒီနားခဏလာဦး ဒီမယ် ငါ့ဗိုက်ကိုစမ်းကြည့်စမ်း အလုံးကြီးရှိနေသဟဲ့ နောက်ပြီး ခုရက်ပိုင်း တွေမှာ အစားတွေလည်းပျက်ပျက်နေတယ် အဲဒါ ငါဘာလုပ်ရမလဲမသိလို့ နင့်ကိုတိုင်ပင်တာ။
ဒီအချက်ကို ကျော်ခင် ခုမှ သတိထားမိသည် ၊ ခုတလော အေးမြင့် ထမင်း အစားနည်းတာကို ဟင်းမကောင်းလို့ တာပဲထင်ခဲ့မိသည် ခုတိုင်း မဖြစ်တော့ မောင်ချော ကို ခေါ်ပြီး ဆရာဝန်ပင့်ခိုင်းသည် ။ ဆရာဝန်ရောက်လာသော အခါ စမ်းသပ်မှုပြု့လုပ်ပြီး လိုအပ်သော ဆေးဝါးများကို ထိုးလည်းထိုး စားဆေးပေးလည်းပေးခဲ့သည် ။နောက်ပြီး အကြံပြုချက်လည်းပေးသွားသေးသည် ဘာလည်းဆိုတော့ မန္တလေးဆေးရုံကြီးသွားပြီး စစ်ဆေးမှုပြုလုပ်မှသာလျှင် စစ်မှန်သော ရောဂါ အနေထားကို သိမည်ဟုဆိုသည်။
ဝေဒနာကလည်း တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာသည် ၊ ဖြစ်နိုင်လျှင် ကိုယ့် တောမှာပဲ ဒီရောဂါကို ကုသချင်သည်။ ရောဂါမွေးထားသလို ဖြစ်နေလိမ့်မယ် ၊ မန္တလေးကိုးကုလိုက် ဟု ယောက္ခမကြီး ၏အကြံပေစကား။ ကျော်ခင်ကလည်း သွားတာကုလိုက်ပါ အေးမြင့်ရယ် ၊ တစ်ခြား ဘာမှထည့်တွက်စဉ်းစားမနေနဲ့ ခုလိုရောဂါမျိုးဟာ ဆေးဝါး ပစ္စည်း ပစ္စယ မစုံလင်ငေသာ တောအရပ်မှာ ဘယ်နည်းနှင့်မှ ကုသလို့ မရနိုင်တာ ။ ထိုကြောင့် ပတ်ဝန်းကျင် ဆွေမျိုးတွေရဲ့ အတန်တန်တိုက်တွန်းမှုကြောင့် အေးမြင့် တစ်ယောက် မန္တလေးမြို့ သို့ ဆေးကုခံယူရန် တက်ခဲ့ရလေသည် ။ အေးမြင့် ထင်သည့် အတိုင်းပင် ဆေးရုံကြီးရောက်တော့ လိုအပ်သော စမ်းသပ်မှုများပြုလုပ်၊ လိုအပ်သော ဆေးဝါးဓာတ်စာကလေးများ ၀ယ်ရုံဖြင့် ရွာမှ ပါလာသော ငွေအသပြာဟာ ပြောင်သလင်းခါအောင် ကုန်စင်လို့ သွားကြလေပြီ ။ ရောဂါက ခွဲစိတ်ကုသရမည်ဖြစ်လို့ လိုအပ်သော ငွေကို နီးစပ်ရာ ဆွေမျိုးများထံ ချေးခဲ့လေသည်။ခွဲစိတ်ကုသပြီါ်လို့ ချုပ်ရိုးဖြည်ပြီးချိန်မှာတော့ ဆေးခန်းတွင် နှစ်ပတ်နီးပါးရှိခဲ့လေပြီ ၊ ငွေတွေလည်း အတော်များများကုန်ခဲ့လေပြီ ။ ရွာပြန်ရောက်တော့ ကျော်ခင် ကို အကျိုးအကြောင်းပြောပြီး ချေးငှါးလာသောငွေကို အိမ်တွင်းရှိသောနွားလေးကိုရောင်းချလို့ ဆပ်သည်။ အေးမြင့်ကတော့ အလုပ်ကို အရင်လိုမလုပ်နိုင်တော့။ ကျော်ခင်ကတော့ ဇွဲလုံ့လမလျှော့ပါ ဖြစ်လာသော လောကဓံကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ဖြေရှင်းလျှက်၊ မိန်းမဖြစ်သူ အေးမြင့်ကိုလည်း အားပေးစကားပြောကာ မိသားစုအတွက် ကျိုးစားရုန်းကန်ရှာလေသည် ။ရက်လနှစ်တွေ ပြောင်းလာပေမယ့် အေးမြင့်ရဲ့ ကျန်းမာရေးကတော့ ကောင်းမလာသည့်ပြင် ပိုလို့သာဆိုးလာချေသည်။ အစားအသောက်လည်း မစားနိုင်လို့ တရှောင်ရှောင်နှင့် နောက်ဆုံး အိပ်ယာတွင် ဖုံးဖုံးလဲကာ ခေခါနီးအခြေနေထိရောက်လို့လာလျှက်ရှိသည်။ မြို့တွင်နေသော သားနှင့် သမီးကိုခေါ်ကာ ပြန်ရောက်လာသောအခါ အေးမြင့်တစ်ယောက် အသက်ရှုံးရရှာတော့သည် မသေခင်လေးမှာလည်း ကိုကျော်ခင်ကို အမှာစကားပြောသွားသေးသည် ငါ့တို့သားလေးတွေကို ရှင်ပြုဖြစ်အောင် ပြုပေးပါ ငါရောက်ရာဘ၀မှ သာဓုခေါ်ချင်လို့ပါတဲ့လေ ပြောပြီးလို့ မကြာခင်အချိန်လေးမှာပဲ အေးမြင့်တစ်ယောက်
မရဏ ဆိုတဲ့ သေလမ်းကို သွားရရှာတော့သည်။ အေးမြင့် သေဆုံးသောအခါ ကျော်ခင်ရဲ့ ၀မ်းနည်းကြေကွဲခြင်းရဲ့ ခံစားမှုကိုပြောမပြတက်လောက်အောင် ဖြစ်ခဲ့ပေမယ့် သားသမီးသုံးယောက်ရဲ့ ရှေ့ရေးကိုတွေးကာ အားမာန်တင်းလို့ ဘ၀တိုက်ပွဲကိုဆင်နွဲလျှက်ရှိသည်။ သားကြီးနှင့် သမီးကိုလည်း မြို့မှာ ပြန်နေစေပြီး သားအငယ်ဆုံးကိုလည်း အဖိုးနဲ့ အဖွါးတို့ရဲ့ အိမ်တွင် ထားကာ အလုပ်ကိုနေ့ရောညပါ ကြိုးစားကာရှာလေသည် ။ မြို့မှသားနဲ့သမီးထံမှ ပို့သောငွေလေးများရယ် သူစုမိဆောင်းမိထားတဲ့ငွေလေးများနှင့်ပေါင်းကာ နွားလေး ၀က်လေးများကို အရောင်း အ၀ယ် ပြန်လုပ်လာနိုင်ပါသည်။ အတန်အသင့် ငွေပိုငွေလျှံကလေးများရလာသည်။ ငွေလုံးငွေရင်းကလေးနှင့် အလုပ်ကိုင်အဆင်ပြောလာသောအခါ ကျော်ခင့်စိတ်ကူးတွင် မြို့မှ သားနှင့် သမီးကို ပြန်ခေါ်ပြီး မိသားတစ်စု တစည်း ထဲ ကိုယ့်တောမှာပဲ ပင် လုပ်ကိုင်စားသောက်နေထိုင်မည် ။ သားနှစ်ယောက်ကိုလည်းရှင်ပြုပေးမည် သို့သော် ကျော်ခင် ရည်မှန်းထားသလို ဖြစ်မလာတော့ ပေ ။ဘာကြောင့်လည်းဆိုတော့ ခုတလေကျန်းမာရေးက ခြူချာလာသည်။ အလုပ်ပင်ပမ်းမှုဒဏ်ကြောင့်ပေပဲလား သားသမီးများအတွက် စိတ်ပင်ပမ်းမှုရှိနေလို့ ပေပဲလား ဟုမဆိုတက်။ မစားနိုင် မသောက်နိုင် တရှောင်ရှောင်နဲ့ လူကလည်းပန်ခြုံးလို့ နေလေသည်။ ရွာမှ ဆေးဆရာများနှင့်တော့ ကုသလျှက်ရှိသည်။ ညီကိုမောင်နှစ်မတွေနဲ့ မိဘများကတော့ မြို့ကိုသွားပြီး ကုသစေချင်သည် ။ ကျော်ခင်ကတော့ လက်မခံ ရှိစာမဲ့စုလေးကုန်သွားမှာလည်းစိုးရိမ်ပုံရသည် ။ ဒါလေးတွေကုန်သွားလျှင် သားသမီးများ အတွက် သူ့ရည်မှန်းချက်ကလေးတွေ ပျက်မြားသွားမည်။ နောက်ပြီး အေျးြွင့်သေဆုံးသွားပြီး ကတည်းက မြို့က ဆေးရုံ ဆေးခန်းတွေကိုလည်း သူ အထင်မကြီးတော့ ။ ဒါကြောင့် သူ့ရောဂါ မပျောက်လျှင်နေပါစေ သူစုစောင်းထားသမျှလေးတွေကိုတော့ သားသမီးများ အတွက်ဖြစ်စေချင်ခဲ့သည်။ ကျော်ခင် ၏ မိဘတွေမျိုးများမှာလည်း သားသမီးများအတက်ငဲ့ကွက်ပြီး မြို့တက်ဆေးကုဖို့ရာ ကိုငြင်းဆန်နေသော ကျော်ခင်ကို ဂရုဏာ သ်လို့သာ နေကြရလေတော့သည်။ ကျော်ခင်လည်း သူ့ အခြေနေကိုသံလာပုံရသည် မြို့မှာနေတဲ့ သားနှင့် သမီးကို ပြန်လည်ခေါ်ခိုင်းပြီး အမျိုးများထံသို့ သားသမီးများအား ဂရုစိုက်ဖို့ အတန်တန် မှာကြားနေရလေပြီ ။ ကျော်ခင် အခြေနေကိုကြားသိကြသော မြို့မှာ ပညာတော်သင် နေရှာတဲ့ ဦးဇင်းလေးနှစ်ပါးမှာလည်း ရွာသို့ ကြွလာကာ ဦးရီးတော်အား ဘ၀ကူးကောင်းရန် သံဃာတော်များပင့်ဖိတ်ပြီး ဦးရီးတော် အိမ်တွင် သင်္ကန်း ကပ် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပြီး ဦးရီးတော် ဦးကျော်ခင် ကိုလည်း တရားနာယူ ရေစက်ချ အမျှပေး ဝေမှုကို ပြုလုပ်စေသည်။ နောက်တစ်နေ့မှာတော့ သားသမီးတွေကို ချစ်လှစွာသော ကိုကျော်ခင် တစ်ယောက် မိဘဆွေမျိုးများကို ခွဲခွါကာ ဘ၀တစ်ပါးသို့ ပြောင်းသွားရှာလေတော့သည်။
ကိုကျော်ခင်တစ်ယောက် ရောက်ရာဘုံဘ၀ကနေ သားသမီးတွေရဲ့ သံယောဇဉ်တွေနဲ့ ငြိတွယ်နေလေဦးမလား ။သို့တည်းမဟုက် သေခါနီး ဇော်ကပ်ချိန်တွင် ကိလေသာ အနှောင်အဖွဲ့တွေကို အမြစ်ဖြတ်ခဲ့လေသလားဆိုတာတော့ ဘုရားသခင်မှ တစ်ပါး အခြားမည်သူမျှ သိနိုင်လိမ့်မည် မဟုက်ပေ
ကိုကျော်ခင်တစ်ယောက် ကောင်းရာသုဂတိ သို့ ရောက်နိုင်ပါစေ…….လို့ ဆုတောင်းမေတ္တာပို့သရင်း……………..ကျော်ခင်နဲ့ အေးမြင့်တို့ ဇာတ်လမ်းကလေးကို မှတ်တမ်းလေးထဲမှာပဲ
သိမ်းထားခွင့်ပြုပါတော့…………..။
ရေးစပ်သူ ။ ။ ကိုဇော်လွင် (R .B.B)ဆေးကုမ္မဏီ မန္တလေး ။